Quarantine Centre အဖြစ်ထပ်မံဖွင့်လှစ်မည့် အစာစပ်စက်ရုံသန့်ရှင်းရေးဆောင်ရွက်နေမှုအား လိုက်လံကြည့်ရှစစ်ဆေး

ရွှေပြည်သာ   အောက်တိုဘာ    

 

ရန်ကုန်မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကြိုတင် ကာကွယ်ထိန်းချုပ်ရေးနှင့် ကူးစက်ပျံ့ပွားမှုများ မဖြစ်စေရန်အတွက်   အရှိန်အဟုန်မြှင့်ဆောင်ရွက်လျ က်ရှိရာ  ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသည့်   ဓာတ်ခွဲအတည်ပြုလူနာများနှင့်   ထိတွေ့ခဲ့သည့်    သူများအား    သီးခြားနေထိုင်  စောင့်ကြည့်နိုင်ရေး Quarantine  Centre   များဖွင့်လှစ်၍  မြို့နယ်ကိုဗစ်-၁၉ကော်မတီဝင်များ၊ ရပ်/ကျေးကော်မတီဝင်များ၊   ပရဟိတလူမှုရေးအသင်းအဖွဲ့များနှင့် စေတနာရှင်ပြည်သူများက လိုအပ်သည် များကို  ပံ့ပိုးကူညီ  ဆောင်ရွက်ပေးလျက်ရှိကြောင်းသိသည်။

 

ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ရွှေပြည်သာမြို့နယ်တွင် Quarantine Centre  များထားရှိပြီးမိမိတို့ ရပ်ကွက်/ကျေးရွာများ အလိုက် အခြေခံကျောင်းများနှင့်အခြားစက်ရုံ၊အဆောက်အဦးများအား  လိုအပ်ပါက အသုံးပြုနိုင်ရန် အတွက် Quarantine Centre အဖြစ်ပြင်ဆင်ထားလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက ကျောင်းကုန်းကျေးရွာရှိ အစာစပ်စက်ရုံတွင် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျောင်းကုန်းကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ကိုဗစ်-၁၉ကော်မတီဝင်များ၊ ပရဟိတအဖွဲ့ဝင်များ စုပေါင်းသန့်ရှင်းရေးဆောင်ရွက် ခဲ့ကြသည်။

 

အဆိုပါ    စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာသို့ မြို့နယ်ကိုဗစ်-၁၉ကာကွယ်ထိန်းချုပ်ရေးနှင့်   အရေး

ပေါ်တုံ့ပြန်‌ရေးကော်မတီနာယက တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်  ဦးရန်အောင်မင်းနှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမိုးကျော်အောင်တို့ လာရောက်ကြည့်ရှုစစ်ဆေးကြပြီး အဆိုပါစက်ရုံတွင်ပျက်စီး နေသောလျှပ်စစ်မီးကြိုးများ(Transformer) နှင့်စပ်ဆက်ပစ္စည်းများ   လဲလှယ်တပ်ဆင်နိုင်‌ရေးအတွက်   (YESC)မှ (EE)(EI) တို့နှင့်တွေ့ဆုံညှိနှိုင်းပြီး လိုအပ်သည်များ ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း  သိရသည်။

 

အေးအေးမိုး ( ပြန် /ဆက် )