လှိုင်မြို့နယ်၌ အထူးရဲသင်တန်းအမှတ်စဉ်(၁/၂၀၂၀) သင်တန်း ဖွင့်ပွဲကျင်းပ

လှိုင် အောက်တိုဘာ  ၂


၂၀၂၀ ပြည့်နှစ်နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုံခြုံရေးအပြည့်အဝ ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန် အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ် အမှတ်(၄)ရပ်ကွက်၊ ဘုရင့်နောင်လမ်း၊ အမှတ်(၈)အခြေခံပညာ အလယ်တန်းကျောင်းခန်းမ၌ ယမန်နေ့ နံနက် ၈ နာရီခွဲအချိန်က အထူးရဲသင်တန်း အမှတ်စဉ်(၁/ ၂၀၂၀) ဖွင့်ပွဲကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ အထူးရဲသင်တန်းဖွင့်ပွဲတွင် လှိုင်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး သန်းဌေး တက်ရောက် အမှာစကားပြောကြားခဲ့သည်။ ထိုသို့ မဲရုံလုံခြုံရေးအတွက် တာဝန်ထမ်းဆောင်ကြမည့် အထူးရဲသင်တန်းသား(၈၇) ဦးအား အောက်တိုဘာလ (၁)ရက်နေ့မှ (၂၈)ရက်နေ့အထိ လုံခြုံရေးဆောင်ရွက်ရာတွင် အခက်အခဲမရှိ စေရေးအတွက် အထူးရဲများ သိသင့်သိထိုက် သည့် တာဝန်နှင့်ဝတ္တရားများကို သိရှိကြစေရန် လေ့ကျင့် သင်ကြားပေးသွားမည်ဖြစ်သည်။ မဲဆန္ဒရှင်ပြည်သူများ လုံခြုံစိတ်ချစွာ မဲပေးနိုင်ရန်နှင့် မဲရုံလုံခြုံရေး တာဝန် ထမ်းဆောင်ရန် အတွက် အထူးရဲများကို တာဝန်ပေးခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
ကြည်ဇေသော်(ပြန်/ဆက်)