ပန်းတောင်း အောက်တိုဘာ ၂
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ဥသျှစ်ပင်မြို့တွင် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးအတွက် ပြည်သူများအား အပြင်ထွက်သွားလာရာ၌ နှာခေါင်းစည်း (Mask)များ စနစ်တကျ တပ်ဆင် သွားကြရန် အသိပေးလှုပ်ရှားမှုများကို ယမန်နေ့နံက်ပိုင်း က ဥသျှစ်ပင်စျေး လူစည်ကားရာ နေရာ များတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အတွက် ပြည်သူများအား နှာခေါင်းစည်း (Mask) များ အခမဲ့ဖြန့်ဝေဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးတိုးအောင်လွင်နှင့် ဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့များ မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က ပန်းတောင်းမြို့နယ် ဥသျှစ်ပင်မြို့ရှိ ပြည်သူများ အနေဖြင့် အပြင်ထွက်သွားလာရာတွင် နှာခေါင်းစည်း (Mask)များ မဖြစ်မနေတပ်ကြရန် ကိုဗစ်-၁၉ ရောဂါ မဖြစ်ပေါ်စေရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များအား စနစ်တကျ လိုက်နာကြရန်၊ ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန် အချက်များကို အသိပညာပေးဆောင်ရွက်ခဲ့ပြီး နှာခေါင်းစည်း(Mask)မရှိသူများကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။
သင်းသင်းအေး(ပြန်/ဆက်)