နတ်မောက် အောက်တိုဘာ ၂
မကွေးတိုင်းဒေသကြီး ၊ မကွေးခရိုင် ၊ နတ်မောက်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ၊ မိခင်နှင့် ကလေး ကျန်းမာရေးဌာနမှ မြို့ပေါ်( ၇ ) ရပ်ကွက်အတွင်းရှိ မွေးစမှ တစ်နှစ်ခွဲအထိ ကလေးများအား လစဉ်ပုံမှန် ကာကွယ် ဆေး ထိုး ခြင်း ၊ ဆေးတိုက်ခြင်းလုပ်ငန်းများကို ယနေ့နံနက် ( ၉ ) နာရီခန့်ကထိုးနှံ ၊ တိုက်ကျွေးခဲ့ကြောင်းသိရသည်။ အဆိုပါ ကာကွယ်ဆေးတိုက်ကျွေးရာတွင် မွေးစမှ တစ်နှစ်ခွဲအထိကလေးများကို ပြင်းထန်ဝမ်းပျက်ဝမ်းလျော (ရိုတာ) နှင့် ပိုလီယို ကို တိုက်ကျွေးပေးခဲ့ပြီး ပြင်းထန်အဆုတ်ရောင် ၊ ဆုံဆို့-ကြက်ညှာ -မေးခိုင်- အသည်းရောင် အသားဝါ (ဘီ) ၊ ဦးနှောက်အမြှေးရောင်( ငါးမျိုးစပ်ကာကွယ်ဆေး) နှင့် ဝက်သက်ရောဂါ ကာကွယ်ဆေးများ ကို ထိုးနှံပေးခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမားရေးဦးစီးဌာနမှ တာဝန်ရှိသူများက လူမှုရေးအဖွဲ့အစည်းများ နှင့် ပူးပေါင်း၍ မွေးစမှ တစ်နှစ်ခွဲအထိကလေးများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးအတွက် နှာခေါင်းစည်း (Mask) များတပ်ဆင်လာစေရေး ၊ လူစုလူဝေးမဖြစ်စေရေးတို့ကို စီမံဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
သင်းသင်းဝေ