ရွှေ ပြည်သာမြို့နယ်တွင် မဲဆန္ဒရှင်စာရင်းများဒုတိယအကြိမ်ထုတ်ပြန်ကြေညာ

ရွှေ ပြည်သာ   အောက်တိုဘာ  

 

ရန်ကုန်‌‌ ‌မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး အတွက်ဆန္ဒမဲပေးပိုင်ခွင့်ရှိသော မဲဆန္ဒရှင်စာရင်းများကို ယမန်နေ့နံနက်ပိုင်း မှစတင်ကာရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးများ၌  ဒုတိယအကြိမ် အဖြစ်  ကြေညာထား လျက်ရှိကြောင်းသိရသည်။

 

ထိုသို့ ကပ်ထားကြေညာရာတွင်  မဲစာရင်းလာရောက်ကြည့်ရှုသူများကိုရပ်ကွက်၊ကျေးရွာရွေးကောက်ပွဲ  ကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များကလိုအပ်သည်များကူညီဆောင်ရွက်ပေးလျက်ရှိပြီးရွှေပြည်သာမြို့နယ်တွင်ရပ်ကွက်(၂၃)ရပ်ကွက်နှင့် ကျေးရွာ(၄)ရွာရှိရာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူပေါင်း(၂၉၀၀၀၂)ဦးရှိရာ မဲစာရင်းများကိုပုံစံ (၃)၊ပုံစံ(၄)၊(၄ ဂ)တို့ဖြင့် လျှောက်ထားနိုင်ကြောင်း၊ မှားလျှင်ပြန်ပြင်နိုင်ကြောင်း၊ မပါသင့်သောသူများပါဝင်ပါ ကပယ်ဖျက်၍ရကြောင်း၊ မဲစာရင်းတွင် မိမိအမည်မပါပါက ပုံစံ(၃)ဖြင့်ထပ်လျှောက်ထားနိုင်ကြောင်း၊  မဲစာ

ရင်းများကိုအောက်တိုဘာ(၁)ရက်နေ့မှအောက်တိုဘာ(၁၄)ရက်နေ့ထိ(၂)ပတ်ကြာ ကပ်ထားကြေညာ မည်ဖြစ်ကြောင်းနှင့် မဲစာရင်းများကိုမြေပြင်နှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး  Website တွင်  Online   မှ လည်းဝင်‌ရောက်  ကြည့်ရှုနိုင်ကြောင်း သိရသည်။

 

အေးအေးမိုး ( ပြန်/ဆက်