လဟယ် အောက်တိုဘာ ၂
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် မွေးကင်းစမှ အသက် (၁)နှစ်နှင့်(၆)လအရွယ် ကလေးသူငယ်များနှင့်ကိုယ်ဝန်ဆောင်မိခင်များအားလစဉ်ပုံမှန် ကာကွယ် ဆေးတိုက်ကျွေးထိုးနှံခြင်းလုပ်ငန်းကို ယနေ့ နံနက်(၀၉:၀၀)နာရီချိန်က လဟယ်မြို့ မိခင်နှင့် ကလေးစောင့်ရှောက်ရေးဌာနတွင် ထိုးနှံပေးခဲ့ကြောင်းသိရသည်။
အဆိုပါ ပုံမှန်ကာကွယ်ဆေးတိုက်ကျွေးထိုးနှံခြင်းတွင် မွေးပြီးစကလေးအရွယ်မှ အသက်(၁)နှစ် နှင့်(၆)လ ကလေးသူငယ် (၄၅)ဦးအား ပုံမှန်ကာကွယ်ဆေးနှင့် ကိုယ်ဝန်ဆောင်မိခင်(၅)ဦးတို့အား မေးခိုင်ကာကွယ် ဆေးများထိုးပေးခဲ့ကြောင်းသိရပါသည်။
ပါမင်းလိုင်