မင်္ဂလာဒုံမြို့နယ်စည်ပင်သာယာရေးကော်မတီနှင့် We Love Yangon အဖွဲ့  တို့မှ ကိုဗစ် - ၁၉ ရောဂါ တားဆီးကာကွယ်ထိန်းချုပ်ရေး  Mask Camping  ပြုလုပ်

မင်္ဂလာဒုံ  အောက်တိုဘာ

 

ကိုဗစ် - ၁၉ ရောဂါ ပြည်တွင်းကူးစက်မှုနှုန်းမြင့်နေချိန်တွင် ပြည်သူ့အကျိုးပြု ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည့် မင်္ဂလာဒုံမြို့နယ် စည်ပင်သာယာရေးကော်မတီနှင့် We Love Yangon တွင် ပါဝင်သည့် သပြေညိုပညာဒါနမှ အသင်းသားများက မန်နေ့ နံနက် ၁၀ နာရီအချိန်က  ရတနာသီရိစျေးတွင် ကိုဗစ် - ၁၉ ရောဂါ တားဆီးကာကွယ် ထိန်းချုပ်ရေး Mask Camping ကို ပြုလုပ်ခဲ့ကြသည်။

ထိုသို့ ပြည်သူ့အကျိုးပြု Mask Camping အသိပညာပေးခြင်းကို စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး ဦးသန်းဦး ဦးစီး၍ စည်ပင်ဝန်ထမ်းနှင့် We Love Yangon တွင် ပါဝင်သည့် သပြေညိုပညာဒါနမှ အသင်းသား များက ထောက်ကြန့်  ရတနာသီရိစျေးတွင် စျေးဝယ်သူများနှင့် စျေးရောင်းချနေသူများထံ Mask/ နှာခေါင်းစည်းအခု (၁၀၀၀) အခမဲ့ဖြန့်ဝေပေးခဲ့ကြသည်။

မင်္ဂလာဒုံမြို့နယ်စည်ပင်သာယာရေးကော်မတီအနေဖြင့်  ကိုဗစ် - ၁၉ ရောဂါ ကာကွယ်တားဆီးထိန်းချုပ်ရေး လုပ်ငန်းများကို မြို့နယ်ကိုဗစ်- ၁၉ ကော်မတီနှင့်အတူ ဆောင်ရွက်လျက်ရှိပြီး  မြို့ဝင်၊ ထွက်ဂိတ်များတွင် ပူးပေါင်းဆောင်ရွက်ခြင်း၊ Quarantine Center များတွင် အမှိုက်များ လိုက်လံသိမ်းဆည်းပေးခြင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် တားဆီးကာကွယ် ထိန်းချုပ်ရေး ညွှန်ကြားချက်များ စည်ကမ်းချက်များအား ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းများ၊ စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များ၊ ဈေးများတွင် လိုက်နာဆောင်ရွက်မှုရှိမရှိ ပူးပေါင်းစစ်ဆေးခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ဇင်ငြိမ်း(ပြန်/ဆက်)

၀၉ ၇၈၇၇၉၆၅၀၈