ဘောဂလိမြို့တွင် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာ

ဘောဂလိ   အောက်တိုဘာ     ၂

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့တွင်   ၂၀၂၀ပြည့်နှစ်  နိုဝင်ဘာ(၈)ရက်  နေ့၌   ကျင်းပပြုလုပ်မည့်   ပါတီစုံဒီမိုကရေစီ  အထွေထွေရွေးကောက်ပွဲ  အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက်   မဲဆန္ဒရှင်  စာရင်းများ ဒုတိယအကြိမ်အဖြစ်   ကပ်ထားကြေညာခြင်းကို   ယမန်နေ့နံနက်ပိုင်းမှ  စတင်၍   ရပ်ကွက်/ကျေးရွာ    ရွေးကောက်ပွဲ ကော်မရှင်  အဖွဲ့ခွဲရုံးတွင် ဆောင်ရွက်   ပေးထားကြောင်း   သိရှိရသည်။

အဆိုပါ  ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ   မဲဆန္ဒှရှင်စာရင်းများ   ဒုတိယအကြိမ်ကပ်ထားကြေ ညာခြင်းကို အောက်တိုဘာလ(၁)ရက်နေ့မှ  (၁၄)  ရက်နေ့အထိ   နောက်ဆုံးအကြိမ်အဖြစ်  သက်ဆိုင်ရာ  ရပ်ကွက်/ကျေးရွာ  ရွေးကောက်ပွဲကော်မရှင်   အဖွဲ့ခွဲရုံးများတွင်   ကပ်ထားကြေညာပေးထား ပြီး   ဆန္ဒမဲစာရင်းတွင်   မိမိအမည်  မပါဝင်ပါက   ပုံစံ(၃)ဖြင့် လျှောက်ထားခြင်း၊  မဲစာရင်းတွင် မပါဝင်သင့်သူများ ပါဝင်ပါက   ပုံစံ(၄)ဖြင့်  ကန့်ကွက်ခြင်း၊  မဲစာရင်းပါ အချက်အလက်များမှား ယွင်းနေပါက   ပုံစံ-၄(ဂ)ဖြင့်  ပြင်ဆင်လွှာ  တင်သွင်းခြင်းများကို    သက်ဆိုင်ရာတာဝန်ရှိသူ များမှ   ပြန်လည်စိစစ်၍    ဆောင်ရွက်သွားမည်ဖြစ်ပြီး    အသက်(၁၈)နှစ်ပြည့်ပြီး  ဆန္ဒမဲပေး ပိုင်ခွင့်ရှိသူတိုင်း    မဲပေးခွင့် မဆုံးရှုံးစေရေး  အတွက်    မဲစာရင်းများ   လာရောက်ကြည့်ရှု  ကြ ရန်   နှိုးဆော်ထားကြောင်း   ရွေးကောက်ပွဲ  ကော်မရှင်အဖွဲ့ခွဲထံမှ  သိရှိရသည်။

နီလာအေး (ပြန်/ဆက်)