ဆင်ပေါင်ဝဲ မတ် ၁၈
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် အတွင်းရှိ အသက် (၈၅) နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများအား နိုင်ငံတော်မှ လူမှုရေးပင်စင် ထောက်ပံ့လျက်ရှိရာ ယနေ့ နံနက် ၉ နာရီအချိန်က ဆင်ပေါင်ဝဲမြို့ပေါ်ရပ်ကွက်အတွင်း ကွင်းဆင်းထောက်ပံ့ပေးခဲ့သည် ။
ထိုသို့ ထောက်ပံ့ရာတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများသည် နိုင်ငံတော်မှ ထောက်ပံ့လျက်ရှိသော လူမှုရေးပင်စင် ဒုတိယ(၃)လပတ်အတွက် တစ်လလျှင် ကျပ် တစ်သောင်းဖြင့် သုံးလလျှင် တစ်ကြိမ် ကျပ်သုံးသောင်းအား အိမ်တိုင်ရာရောက် ထောက်ပံ့ ပေးအပ်ခဲ့ပြီး ဆင်ပေါင်ဝဲမြို့နယ်အတွင်း အသက် (၈၅) နှစ်နှင့် အထက် သက်ကြီးဘိုးဘွား (၆၄၈) ဦးတို့ကို ထောက်ပံ့ပေးလျက်ရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှသိရသည်။
ခန့်ဝင်း (ပြန်/ဆက်)