လှိုင်သာယာ ဖေဖော်ဝါရီ ၂၈
လှိုင်သာယာမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ယမန်နေ့ မွန်းလွဲ (၁) နာရီက "လူငယ်နှင့် မူးယစ်ဆေးဝါးအန္တရာယ်" ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း (Public Talk) ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ စကားဝိုင်းတွင် တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမောင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင် ဦးစီးအရာရှိ ဒေါ်အေးအေးခိုင်၊ မူးယစ်တပ်ဖွဲ့စု (၄၀) မှ ဒုရဲမှူးစိုးနိုင် လှိုင်သာယာမြို့နယ်ရဲတပ်ဖွဲ့မှ ဒုရဲမှူး သက်ဆွေဦး၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန လက်ထောက်ကျန်းမာရေးမှူး ဒေါက်တာကြူကြူသင်း၊ မြို့နယ်ဥပဒေရုံး ဒုတိယဥပဒေအရာရှိ ဦးကျော်သူတို့က လူငယ်နှင့် မူးယစ်ဆေးဝါး အန္တရာယ် ခေါင်းစဉ်ဖြင့် ဦးဆောင်ဆွေးနွေးခဲ့ကြသည်။
လူငယ်ထုအတွင်း မူးယစ်ဆေးဝါးအန္တရာယ်များ ကျရောက် နေမှုကို ပြည်သူအများက ကျယ်ကျယ်ပြန့်ပြန့်သိရှိ၍ ပူးပေါင်းဆောင်ရွက်ကြစေရန်ရည်ရွယ် ကျင်းပ ခြင်းဖြစ်ပြီး အဆိုပါ ပြည်သူ့စကားဝိုင်း (Public Talk) အခမ်းအနားသို့ ဌာနဆိုင်ရာတာ၀န်ရှိသူများ၊ ရပ်ကွက်/ကျေးရွာများမှ စိတ်ပါဝင်စားကြသူများ၊ လူငယ်များနှင့် အရပ်ဘက် အဖွဲ့အစည်းများ တက်ရောက်၍ မေးမြန်းဆွေးနွေးခဲ့ကြသည်။
မောင်မောင်တာ(ပြန်/ဆက်)