ပေါက် ဖေဖော်ဝါရီ ၂၈
ကျေးလက်လူထုအခြေပြုဖွံ့ဖြိုးမှုကို တို့ရှေ့ရှုဟူသော ဆောင်ပုဒ်နှင့်အညီ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ လူထုဗဟိုပြု စီမံကိန်း(စတုတ္ထနှစ်စက်ဝန်း)မှ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သော အင်းတောအုပ်စု၊ အုန်းတော(တောင်)စု ကျေးရွာတွင် အင်ဂျင်မီးလင်းရေး လုပ်ငန်းဖွင့်ပွဲနှင့် လူထုစစ်ဆေးပွဲကို ယမန်နေ့ နံနက်(၉) နာရီတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီအောင်၊ မြို့နယ်ကျေးလက် ဦးစီးမှူး ဒေါ်အေးအေးသန့်၊ မြို့နယ်ပြန်ဆက်ဦးစီးမှူး ဒေါ်ဥမ္မာကျော်နှင့် လူထုဗဟိုပြုအဖွဲခေါင်းဆောင် ဦးသိန်းဇော်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။
ရှေးဦးစွာ အခမ်းအနားကို ကျောင်းသားကျောင်းသူများက၊ ဆီမီးအကဖြင့် အခမ်းအနားကို ကပြဖွင့်လှစ်ခဲ့သည်။
ဆက်လက်၍ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီအောင်က အဖွင့်အမှာစကားပြောကြားပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီမှူး ဒေါ်အေးအေးသန့်က ကျေးရွာသူ ကျေးရွာသားများနှင့် လူထုစည်းရုံးရေးမှူးဝန်ထမ်းများကိုလည်း အင်ဂျင်မီးလင်းရေး လုပ်ငန်းများကို ပြီးစီးအောင်မြင်စွာ လုပ်ကိုင်ပေးသည့်အတွက် ဝမ်းသာပါကြောင်း၊ လူထုဗဟိုပြု စီမံကိန်း နည်းပညာအကြံပေးအဖွဲ့ခေါင်းဆောင်ဦးသိန်းဇော်က စီမံကိန်းလုပ်ငန်း ပြီးစီးသည့်အတွက် လည်ပတ်ထိန်သိန်းရေးအစီအစဉ်များ ဆက်လက်အကောင် အထည်ဖော်ကြရန် ပြောကြားသည်။
အဆိုပါ အင်ဂျင်မီးလင်းရေးလုပ်ငန်းကို စီမံကိန်းထောက်ပံ့ငွေ(၈၅)သိန်းကျော်၊ကျေးရွာ ပြည်သူများ၏လုပ်အားများနဲ့ စီမံကိန်းဝန်ထမ်းများရဲ့ အနီးကပ်ကြီးကြပ်မှုဖြင့် ပြီးစီးအောင်မြင်ခဲ့ကြောင်းသိရသည်။
ဉာဏ်တိုး(ပေါက်)