ခရီးသွားပြည်သူများ အန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်ရေး ကူးတို့ရေယာဉ်များအား ကွင်းဆင်းစစ်ဆေး

သရက် ဇန်နဝါရီ ၂

မကွေးတိုင်းဒေသကြီး သရက်မြို့တွင် ခရီးသွားပြည်သူများ အန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်ရေး သရက်-အောင်လံ ပြေးဆွဲလျက်ရှိသည့် ကူးတို့ရေယာဉ်များအား ကွင်းဆင်းစစ်ဆေးချက်ခြင်းကို ယမန်နေ့ နံနက်(၈) နာရီက သရက်ပဲ့ထောင်ဆိပ်ကမ်းနှင့် အောင်လံပဲ့ထောင်ဆိပ်တို့တွင် သတ်မှတ်ထားသည့် စည်းကမ်းချက် များနှင့်အညီ လိုက်နာဆောင်ရွက်ထားရှိမှု အခြေအနေ ရှိ/မရှိ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ထို့သို့ စစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ၊ မြို့နယ်မီးသတ်ဦးစီဌာန၊  ဝန်ထမ်းများ၊ မြို့မစခန်းမှ ရဲတပ်ဖွဲ့ဝင်များ၊ လိုင်းပဲ့ထောင်မှ တာဝန်ရှိသူများမှ  သရက်ပဲ့ထောင်ဆိပ်ကမ်းနှင့် အောင်လံ ပဲ့ထောင်ဆိပ်ကမ်းတို့ရှိ ပဲ့ထောင်ရေယာဉ်များအား လိုင်စင်ရှိ/မရှိ၊ ယာဉ်မောင်းကတ် ရှိ/မရှိ၊  အချက်ပြ မီး ရှိ/မရှိ၊ ရေယာဉ်ကြံ့ခိုင်မှု ရှိ/မရှိ၊ ကုန်းဘောင် ကောင်း/မကောင်း၊ အရန်ဆီ ရှိ/မရှိ ၊ အသက်ကယ် အင်္ကျီ/ဘော ရှိ/မရှိ  စက်ကောင်း/မကောင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

ဇော်ထက်(သရက်)