ရန်ကုန် မတ် ၁၈
ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်ပြည်သူ့ဆေးရုံ၌ လိုအပ်သော ECG စက်နှင့် Patient Monitor စက် ပေးအပ်လှူဒါန်းပွဲကို ယမန်နေ့မွန်းလွဲ (၃)နာရီ က မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရှိ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် အမှတ်(၁)ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းရင်က အဖွင့်အမှာ စကားပြောကြားခဲ့ပြီး၊ ရွှေပြည်သာမြို့နယ် ဈ(၃၃/၁၀)ရပ်ကွက် မှ အလှူရှင် ဦးရဲထွန်း+ဒေါ်ယဉ်မေသန်း (မိသားစု) တို့က ဦးရဲထွန်း၏ (၄၉)နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ်အဖြစ် ဒလမြို့နယ်ပြည်သူ့ဆေးရုံအတွက် ငွေကျပ်(၈)သိန်းတန်ဖိုးရှိ ECG စက်နှင့် ငွေကျပ်(၉)သိန်းခွဲ တန်ဖိုးရှိ Patient Monitor စက်တို့ကို မြို့နယ်ဆရာဝန်ကြီး ဦးထွန်းဝင်းထံ ပေးအပ်လှူဒါန်းခဲ့သည်။ ထို့နောက် အလှူရှင် ဦးရဲထွန်းက ဆေးရုံသို့ ပေးအပ်လှူဒါန်းရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်ဆရာဝန်ကြီးက ဂုဏ်ပြုမှတ်တမ်း ပြန်လည်ပေးအပ်ခဲ့ကြောင်းသိရသည်။
နိုင်လင်းကျော်(ဒလ)