အောင်လံ ဇန်နဝါရီ ၂
မကွေးတိုင်းဒေသကြီး သရက်ခရိုင် အောင်လံမြို့၌ (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများကိုကျင်းပလျက်ရှိရာ အလွတ်တန်းဘော်လီဘောပြိုင်ပွဲနှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲ များကို ဇန်နဝါရီလ(၁)ရက်နေ့ ညနေ(၃)နာရီမှစတင်၍ ယှဉ်ပြိုင်ကစားလျက်ရှိကြပြီး ဇန်နဝါရီလ(၄)ရက်နေ့အထိ ဆက်လက်ယှဉ်ပြိုင်ကစားသွားမည် ဖြစ်ကြောင်းသိရသည်။
ယင်းပြိုင်ပွဲများတွင် ဘော်လီဘောပြိုင်ပွဲကို အသင်း(၅)သင်းတို့မှ အ.ထ.က(၁)ကျောင်း အားကစားကွင်းတွင်လည်းကောင်း ပိုက်ကျော်ခြင်းပြိုင်ပွဲကို အသင်း(၁၄)သင်းတို့မှ အောင်မြေရွှေဝါ အားကစားကွင်း တွင် လည်းကောင်း ယှဉ်ပြိုင်ကစားလျှက်ရှိကြပြီး ဇန်နဝါရီလ(၄)ရက်နေ့(လွတ်လပ်ရေးနေ့)တွင် ဆုများချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်းသိရသည်။
သိန်းလွင်(အောင်လံ)