မြောက်ဥက္ကလာပ ဇန်နဝါရီ ၂
၂၀၂၀ပြည့်နှစ်၊ စာပေချစ်သူများအသင်းမှ ကြီးမှူးကျင်းပသည့် (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် စာဖတ်ခြင်းဖြင့် မိမိကိုယ်ကို မြှင့်တင်ခြင်းနှင့် အသိပညာပြန့်ပွားရေး စာပေဟောပြောပွဲကို ယမန်နေ့ ည ၇ နာရီက ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်တွင် (ဋ)ရပ်ကွက်၊ ဥဇ္ဇနာလမ်းမကြီး၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ (ဋ)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသူရထွန်းက အဖွင့်အမှာစကားပြောကြားပြီး ဟောပြောပွဲသို့ ဖိတ်ကြားထားသော ဧည့်သည် တော်များ၊ စာပေချစ်ပရိသတ်များ တက်ရာက်ခဲ့သည်။
ရှေးဦးစွာ စာရေးဆရာမောင်သာချိုမှ "ကိုယ့်ရပ်ဌာနေ" ခေါင်းစဉ်ဖြင့် လည်းကောင်း၊ စာရေးဆရာ အကြည်တော်က "လှေကလေးကိုလှော်မည်" ခေါင်းစဉ်ဖြင့် လည်းကောင်း၊ စာရေးဆရာ ကောင်းသန့်က "နှစ်သစ်ကူးအတွေး" ခေါင်းစဉ်ဖြင့် လည်းကောင်း အသီးသီး ဟောပြောခဲ့ပြီး တာဝန်ရှိသူများက အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
မြမြဝင်း(ပြန်/ဆက်)