မြိုင်မြို့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးတွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အလှပြင်သင်တန်း ဆင်းပွဲကျင်းပ

မြိုင် ဇန်နဝါရီ ၂

မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဦးစီးဌာနမှ ဖွင့်လှစ်သော အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အလှပြင်သင်တန်းဆင်းပွဲကို ယနေ့ နံနက် ၁၀ နာရီက ယင်းဦးစီးဌာန ရုံး အစည်းအဝေးခန်းမတွင် ကျင်းပသည်။

အခမ်းအနားတွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဆွေ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဒုတိယဦးစီးမှူး ဦးခိုင်မင်းထွန်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင် အရာရှိ ဦးဟန်မြင့်တို့မှ အလှပြင်သင်တန်းနှင့်ပတ်သက်၍ သင်တန်းဆင်း အမှာစကားများ ပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်အတွင်းရှိ ကျေးရွာများမှ အလှပြင်သင်တန်းတက်ရောက်လာကြသော သင်တန်းသားများအား အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဆွေမှ  သင်တန်းဆင်း အမှတ်တရ လက်ဆောင် ပစ္စည်းများ ပေးအပ်ခဲ့သည်။ တက်ရောက်လာသော သင်တန်းသားများမှလည်း သင်တန်းဖွင့်လှစ်ပေးသော ကျေးလက်ဒေသဖွံ့ဖြိုးရေး ဦးစီးဌာနနှင့် သင်တန်းဆရာ၊ တာဝန်ရှိသူများအား ကျေးဇူးတင် စကားများပြောကြားခဲ့ပြီး အဆိုပါ သင်တန်းဆင်းပွဲ အခမ်းအနားကို အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ဒုတိယဦးစီးမှူး၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် သင်တန်းသားများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။

အေတီအာ(IPRD)