မင်းဘူးမြို့ နွေရာသီအားကစားသင်တန်း အခမဲ့ဖွင့်လှစ်မှုအား ရပ်ဆိုင်းထားမည်

မင်းဘူး မတ် ၁၈

မကွေးတိုင်းဒေသကြီး မင်းခရိုင် မင်းဘူး (စကု) မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော နွေရာသီအားကစားသင်တန်းများကို  ရပ်ဆိုင်းသွားမည်ဖြစ်ကြောင်းသိရသည်။

အားကစားနှင့်ကာယပညာဦးစီးဌနမှ ကျောင်းသား/သူ လူငယ်၊ လူရွယ်လေးများအား အားကစား၌ စိတ်ပါဝင်စားမှုရှိစေရန်နှင့် အားကစားကဏ္ဍဖွံ့ဖြိုးပြီးတိုးတက်လာစေရန်ရည်ရွယ်၍ နွေရာသီကျောင်းပိတ်ရက်တွင် မင်းဘူးမြို့ မိုးလုံလေလုံအားကစားရုံနှင့် ခရိုင်အားကစားကွင်းကြီးထဲတွင် အားကစားသင်တန်းများကို အခမဲ့သင်တန်းဖွင့်လှစ်သွားဖို့ ရည်ရွယ်ထားသော်လည်း ကိုရိုနာဗိုင်းရပ်စ်ရောဂါကို ကြိုတင်ကာကွယ်သည့်အနေဖြင့် သင်တန်းဖွင့်လှစ်မှုအား ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း မြို့နယ်အားကစားမှူးထံမှ သိရသည်။

"ကျွန်မတို့ အရင်က နွေရာသီအားကစားသင်တန်းကို မတ်လ ၁၁ ရက်မှ ၁၅ ရက်အထိဖွင့်လှစ်သွားဖို့နဲ့ အားကစားနည်း (၇) မျိုး သင်တန်းပေးသွားဖို့ရှိပါတယ်။ ကမ္ဘာ့နိုင်ငံများတွင် ဖြစ်ပေါ်နေသည့် လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်သည့်အနေဖြင့် လူစုလူဝေးများ မဖြစ်ပေါ်စေရန် နွေရာသီအားကစားသင်တန်း အခမဲ့ဖွင့်လှစ်မှုအား  ရပ်ဆိုင်းထားမှာ ဖြစ်ပါတယ်"ဟုမြို့နယ် အားကစားမှူး ဒေါ်နှင်းကပြောသည်။

ဇေယျာထက် (မင်းဘူး)