ထန်းတပင် ဖေဖော်ဝါရီ ၂၇
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဒေသဖွံ့ဖြိုးရေး လုပ်ငန်း(၄၅)ခုကို မြို့ပေါ်ရပ်ကွက်(၅)ခုတို့တွင် ဆောင်ရွက်နေကြောင်း ထန်းတပင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဒေါ်ခင်ခင်ဌေးထံမှသိရသည်။
ထန်းတပင်မြို့နယ် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကတ္တရာလမ်းခင်းခြင်းလုပ်ငန်း(၁)ခု၊ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း(၁၉)ခု၊ မြေသားလမ်းခင်းခြင်းလုပ်ငန်း(၁)ခု၊ အဆောက်အဦး တည်ဆောက်ရေးလုပ်ငန်း(၄)ခု၊ ကွန်ကရိတံတားတည်ဆောက်ရေး လုပ်ငန်း(၃)ခု၊ ရေစီးရေလာကောင်းမွန်စေရေး အုတ်ရေမြောင်းတည်ဆောက်ခြင်းလုပ်ငန်း(၅)ခု၊ ကျောက်စီမြေထိန်းနံရံ(၁)ခု၊ Box-Culvert တည်ဆောက်ရေးလုပ်ငန်းများနှင့် အခြားဖွံ့ဖြိုးလုပ်ငန်းများ(၁၀)ခုတို့ကို (၂၀၁၉)ခုနှစ်၊ ဒီဇင်ဘာလ ပထမအပတ်မှစတင်ကာ မြို့ပေါ်ရပ်ကွက်(၅)ခုတို့တွင် ဆောင်ရွက် လျက်ရှိရာ ဆောင်ရွက်ပြီးစီးမှုများအနေဖြင့် ယခုအခါ(၄၀)ရာခိုင်နှုန်း အထိပြီးစီးနေပြီ ဖြစ်သည်။
အဆိုပါ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း(၄၅)ခုကို ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့မှ ကြီးကြပ်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ယူကာ ၂၀၁၉ - ၂၀၂ဝခု ဘဏ္ဍာရေးနှစ် ခွင့်ပြုငွေလုံးငွေရင်းမှ ငွေကျပ်သန်းပေါင်း(၁၈၂၆.၇၆၂)ဖြင့် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)