တောင်ငူ ဖေဖော်ဝါရီ ၂၇
တောင်ငူမြို့နယ်၊ (၁၉) ရပ်ကွက် ၊ ရန်ကုန် - မန္တလေး ကားလမ်းဘေးရှိ ဆည်းဆာပရိဘောဂဆိုင်၌ ယနေ့ နံနက် ၂ နာရီခန့်က မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဆည်းဆာပရိဘောဂဆိုင် အောက်ထပ်ရှိ မီးပလပ်ခုံ အပူလွန်ကဲရာမှ မီးလောင်ကျွမ်းကာ ပရိဘောဂများ ဆေးသုတ်ရာတွင် ရောစပ်သည့် တင်ဒါပုလင်းများထံ ကူးစက်၍ ပေါက်ကွဲသဖြင့် ပရိဘောဂဆိုင် မီးလောင်ကျွမ်းပြီး ဘေးချင်းကပ်လျက်ရှိ သောသီခိုဆေးခန်းသို့လည်း ကူးစက်လောင်ကျွမ်းခဲ့သည်။
မီးလောင်မှုဖြစ်ပွားရာသို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့များမှ လာရောက်ငြှိမ်းသတ်ခဲ့သဖြင့် နံနက် ၃ နာရီခွဲတွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။
ဇော်ထက် (တောင်ငူ)