ဒေါက်တာ မတင်ဝင်း၏ “ကိုယ်ရည်ကိုယ်သွေး ဖွံ့ဖြိုးခြင်း” ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်

ကျိုက်ထို  ဖေဖော်ဝါရီ  ၂၇

ကျိုက်ထိုမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်သူများအသင်း (Book Club) တို့ ပူးပေါင်း၍  ဒေါက်တာမတင်ဝင်း ၏ “ကိုယ်ရည်ကိုယ်သွေး ဖွံ့ဖြိုးခြင်း” ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့ နံနက် ၁၀ နာရီတွင် ကျိုက်ထိုမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (CommunityCentre) ခန်းမ၌ ပြုလုပ်သည်။

စာဖတ်ဝိုင်းပြုလုပ်ရာတွင် စာပေချစ်သူများအသင်း နာယက ဦးစိုးနိုင် က အဖွင့်အမှာစကား ပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သန်းသန်းမော် က စာဖတ်ဝိုင်း ပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ပြောကြားခဲ့သည်။

ယင်းနောက် နာယက ဦးစိုးနိုင် က ပင်ကိုယ်စရိုက် နှင့်ကိုယ်ရည်ကိုယ်သွေး အကြောင်းကို ဆွေးနွေးပြီး အသင်းဝင်များက ရုပ်ရည်နှင့် အရည်အချင်း ဖို၊မ ကွဲပြားခြားနားမှုနှင့် ကိုယ်ရည် ကိုယ်သွေး ဖွံ့ဖြိုးမှုလမ်းစဉ် အစရှိသည့် ခေါင်းစဉ်များဖြင့် စာဖတ်ဝိုင်းပြုလုပ်ကာ ဆွေးနွေး ခဲ့ကြသည်။

ဝင်းမောင်(ကျိုက်ထို)