လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဌာနပေါင်းစုံ ဖူဆယ်ဘောလုံးပြိုင်ပွဲနှင့် ပိုက်ကျော်ခြင်း ပြိုင်ပွဲ ကျင်းပ

ဘုတလင်   ဇန်နဝါရီ  

စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်တွင် (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဌာနပေါင်းစုံ ဖူဆယ်ဘောလုံးပြိုင်ပွဲနှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲများကို ဇန်နဝါရီလ(၁)ရက်မှ စတင်ပြီး ဘုတလင်မြို့၊ ပြည်သူ့အားကစားကွင်းတွင် ကျင်းပပြုလုပ်လျက်ရှိကြောင်း မြို့နယ်အားကစားနှင့် ကာယ ပညာဦးစီးဌာနမှ သိရသည်။

ဖူဆယ်ဘောလုံးပြိုင်ပွဲတွင် ဌာနဆိုင်ရာ အသင်း(၇)သင်းနှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ဌာနဆိုင်ရာ အသင်း(၆)သင်းတို့က အုပ်စု(၂)အုပ်စုစီ ခွဲ၍ အုပ်စုပတ်လည်စနစ်ဖြင့် ယှဉ်ပြိုင်လျက်ရှိပြီး အုပ်စုအဆင့် တွင် အနိုင်ရရှိသည့် အသင်းများက ဆီမီးဖိုင်နယ်နှင့် ဗိုလ်လုပွဲအထိ ဆက်လက်ယှဉ်ပြိုင်ကစားကြမည် ဖြစ်သည်။

အဆိုပါ ဌာနပေါင်းစုံ ဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကို ဇန်နဝါရီလ(၃)ရက်တွင်လည်းကောင်း၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲကို ဇန်နဝါရီလ(၄)ရက်တွင်လည်းကောင်း ကျင်းပပြုလုပ်မည်ဖြစ်ပြီး ပထမဆု၊ ဒုတိယဆုနှင့် တတိယဆုများကို ပေးအပ်ချီးမြှင့်မည် ဖြစ်ကြောင်း သိရသည်။

ဖိုးခါး(ပြန်/ဆက်)