ရန်ကုန် မတ် ၁၈
အင်းစိန်မြို့နယ်အတွင်းရှိ စည်ပင်သာယာဈေးများတွင် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် အသိပညာပေး ဗီနိုင်းများကပ်ခြင်း နှင့် လက်သန့်ဆေးရည်များ ရေပုံးများ ဆပ်ပြာများ ထားရှိခြင်းတို့ကို ယမန်နေ့ နံနက်(၉)နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ယခုအခါ ကိုရိုနာဗိုင်းရပ်ကူးစက်ရောဂါသည် မြန်မာနိုင်ငံအတွင်း ကူးစက်ပြန့်နှံ့ခြင်းမရှိသေးသော်လည်း ကာကွယ်ခြင်းသည် ကုသခြင်းထက် ပိုမိုထိရောက်သည်ဆိုသည့်စကားအတိုင်း အင်းစိန်မြို့နယ်၊ စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးသိန်းသန်းနှင့်အဖွဲ့ဝင်တို့က ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မျိုးသန့်(အင်းစိန်)