ပေါက်မြို့နယ် ယောချောင်းဒေသထွက်အာလူးများ ပခုက္ကူဈေးကွက်သို့ တစ်ရက်လျှင် အချိန်ခုနှစ် သောင်းခန့်ဝင်ရောက်

ပခုက္ကူ  မတ်  ၁၈

မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် ပေါက်မြို့နယ် ယောချောင်းထွက် အာလူးများ ပခုက္ကူဈေးကွက်သို့နေ့စဉ် အချိန်ခုနှစ်သောင်းခန့်ဝင်ရောက်လာကြောင်း မြနီလာပွဲရုံပိုင်ရှင် ဦးတင်ကိုထံကသိရသည်။

ပခုက္ကူခရိုင် ပေါက်မြို့နယ် ယောချောင်းတလျောက် စိုက်ပျိုးသည့်အားလူများ လှိုင်လှိုင်ပေါ်ချိန် ပခုက္ကူဈေးကွက်သို့ အားလူများ တစ်နေ့အချိန်ခုနှစ်သောင်းခန့်ဝင်ရောက်လျက်ရှိကာ ဈေးနှုန်းအသင့်အတင့်သာရောင်းချရကြောင်း ပေါက်မြို့နယ်မှအာလူးစိုက်တောင်သူ ဦးစိုးလှိုင်ကပြောကြား သည်။ အာလူး စိုက်ပျိုးချိန်တွင်အထွက်နှုန်းကောင်းရန် ကိုင်းကွှန်းမြေကို ထွန်ရေးညက်စွာထွန်ပြီး သီတင်းကျွတ်၊ တန်ဆောင်မုန်းလတွင် စိုက်ပျိုးကြကြောင်းသိရပြီး အပင်ဖြစ်ထွန်းချိန် ဥ ဥနှုန်းကောင်းရန်နှင့် ဥကြီးရန်အတွက် ရွက်ဖျန်းဆေးစနစ်တကျ ပက်ဖြန်းပေးရကြောင်း ရေသွင်းစိုက်ပျိုးခြင်းဖြင့် စိုက်ပျိုးပြီး အာလူးစိုက်တောင်သူအများစု အာလူးအထွက်နှုန်းအဆင်ပြေကြပြီး ဈေးနှုန်းကတော့ တောင်သူတွေအတွက်အသင့်အတင့်သာရှိခြင်းကြောင့် အဆင်မပြေကြောင်း ဦးစိုးလှိုင်က ရှင်းပြသည်။ ပခုက္ကူဈေးကွက်တွင် အာလူးအချိန်မြောက်မြားစွာစတင်ဝင်လျက်ရှိပြီး တစ်ပိသာဈေးနှုန်း၆၀၀ကျပ်သာ ရောင်းချရခြင်းကြောင့် ပေါက်မြို့နယ် အာလူးစိုက် တောင်သူများ ဒီထက်ဈေးနှုန်းပိုရရန်မျှော်လင့်နေကြကြောင်းသိရသည်။

ကိုထိန်(ငါ့သရောက်)