ကျိုက်မရော အောက်တိုဘာ ၆
ကိုဗစ်- ၁၉ ရောဂါ ကူးစက်မှုများဖြစ်ပေါ်နေသည့်ကာလအတွင်း ကျိုက်မရောမြို့နယ် ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စာကြည့်တိုက်ကို ယာယီပိတ်ထားစဉ်ကာလအတွင်း စာဖတ် ပရိတ်သတ်များနှင့် ကလေးငယ်များ အသိပညာ ဗဟုသုတတိုးပွားစေရန်အတွက် အသိ ပညာပေးလုပ်ငန်းများကို အွန်လိုင်းပေါ်မှ တစ်ဆင့်ထုတ်လွှင့်ပေးလျက်ရှိရာ ယနေ့ နံနက် ၁၀ နာရီက ကလေးသူငယ် အခွင့်အရေးနှင့် ကာကွယ်စောင့်ရှောက်ရေး ဥပဒေ အသိပညာပေး(Talk Show) ကို လူထုအခြေပြု ဗဟိုဌာန( Comm unity Centre)ခန်းမ၌ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ် ချိုမြတ်မြတ်ထွေး က Talk Show ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ကျိုက်မရောမြို့နယ် မြို့နယ်တရားသူကြီး ဦးအောင်ခိုင်မိုးက " ကလေးသူငယ်အခွင့်အရေးနှင့် ကာကွယ်စောင့်ရှောက် ရေး ဥပဒေ" အကြောင်း သိကောင်းစရာများနှင့် ကလေးသူငယ်များ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ ကလေးသူငယ် အခွင့်အရေးများ၊ ကလေးသူငယ်များအား မတရားနှိပ်စက်မှု၊ မတရားခိုင်း စေမှု များ၊ ကလေးသူငယ်များအား မူးယစ်ဆေးဝါးရောင်း ဝယ်ဖောက်ကားမှု၊ သုံးစွဲစေခြင်း၊ ဖြန့်ဖြူး သယ်ဆောင်ခိုင်းခြင်း၊ ကလေးငယ်များအား ထောင်မကျနိုင်ဟုဆိုကာ စည်ရုံးဆွဲဆောင်ခိုင်း စေခြင်း စသည့်ဖြင့် ပြစ်မှု ပြစ်ဒဏ်များကို ပြည်သူများနှင့် ကလေးအုပ်ထိန်းသူ မိဘများ အသိ ပညာ ဗဟုသုတရရှိစေရန် ဆွေးနွေးရှင်းလင်းခဲ့သည်။
ယနေ့ကျင်းပြုလုပ်သော"ကလေးသူငယ်အခွင့်အရေးနှင့်ကာကွယ် စောင့်ရှောက်ရေး ဥပဒေ " အသိပညာပေး( Talk Show ) ကို IPRD Kyaikmaraw facebook Page တွင် ဖော်ပြ ပေးလျက်ရှိ သည်။
ချိုချို(ပြန်/ဆက်)