ဂန့်ဂေါခရိုင် ကျောမြို့၌ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေး ကွန်ပျူတာသင်တန်း ဖွင့်လှစ်

ကျော ဖေဖော်ဝါရီ ၂၇

လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားရေးအတွက် ဂန့်ဂေါခရိုင်၊ ကျောမြို့အထွေထွေ‌အုပ်ချုပ်ရေးဦးစီးဌာနတွင် ယမန်နေ့နံနက်က ကွန်ပျူတာပညာသင်တန်း ဖွင့်ပွဲပြုလုပ်ရာ ကျောမြို့ အုပ်ချုပ်ရေးမှူး ဦးမြတ်ဌေးဦးက အမှာစကားပြောကြားသည်။

အဆိုပါ သင်တန်းတွင် ရုံးစာရေးသားနည်း၊ Microsoft Word/  Microsoft Excel နှင့် Microsoft , Power Point များကိုသင်ကြားပေးလျက်ရှိပြီး ရုံးဝန်ထမ်းများ တက်ရောက်လျက်ရှိကာ ကျန်ရှိ ဝန်ထမ်းများအတွက် သင်တန်းအမှတ်စဉ်(၂)ကို ဆက်လက် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

ထင်အောင်နိုင်(ပြန်ဆက်)