ခင်ဦးမြို့၌ COVID-19 ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးဆောင်ရွက်

ခင်ဦး မတ် ၁၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်၌ ကိုရိုနာဗိုင်းရပ်(စ်)ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းလုပ်ငန်းများကို  ယမန်နေ့ နံနက် ၁၀ နာရီက ဆောင်ရွက်ခဲ့သည်။

အဆိုပါလုပ်ငန်းဆောင်ရွက်မှုများကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်သူနာပြုအဆင့်-၁ ဒေါ်ခင်ချိုမော်နှင့် မိခင်ကလေးကျန်းမာရေးဌာနမှ ကျန်းမာရေးဝန်ထမ်းများက တက္ကသိုလ်ဝင်တန်းစာမေးပွဲစာဖြေဌာန ကျောင်းရှေ့ရှိ ကျောင်းသားမိဘများ၊ မြို့မဈေး၊ မီးရထားဘူတာရုံနှင့် လူစည်ကားရာနေရာများတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနက ထုတ်ဝေသော ကိုရိုနာဗိုင်းရပ်(စ်)ရောဂါအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း ဗွီနိုင်းပိုစတာများ ချိတ်ဆွဲကာ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စိုးဝေအောင်(ခင်ဦး)