ထန်းတပင် ဇန်နဝါရီ ၃
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ နံနက် ၁၁ နာရီအချိန်က စာရေးဆရာ ကျော်ဝင်းရေးသားသည့် နှစ်ဆယ့်တစ်ရာစုသားရွှေဉစာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်သဇင်က စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏အကြာင်းကို ရှင်းလင်းပြောကြားပြီး Book Club အဖွဲ့ဝင်များဖြစ်သည့် စာရေးဆရာ ထန်းတပင် စန်းလွင်မှ အကျင့်ထဲသို့ ဝင်ရောက်ခြင်း ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဦးသောင်းမြင့်မှ မှတ်ထဲကလူနှင့် စကားပြောခြင်း ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြသည်။
ထို့နောက် Book Club အဖွဲ့ဝင် စန္ဒာအေးက “ယခုကဲ့သို့ စာဖတ်ဝိုင်းပြုလုပ်ပေးခြင်းကြောင့် ဗဟုသုတများ ရရှိပါကြောင်းနှင့် နောင်စာဖတ်ဝိုင်းများတွင်လည်း ပါဝင်ဆွေးနွေးသွားမည်ဖြစ်ကြောင်း” ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
သန်းထွန်း (ပြန်/ဆက်)