အောင်လံ ဇန်နဝါရီ ၃
သရက်ခရိုင်၊ အောင်လံမြို့၌ အခြေခံပညာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော (၇၂) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ (၂) နာရီက အ.ထ.က(၁) ရွှေရတုခန်းမတွင် ကျင်းပပြုလုပ်ရာ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမျိုးသိန်းက လွတ်လပ်ရေးနေ့အကြောင်းကိုလည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးကျော်မျိုးမင်းက လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ခဲ့ကြသော ခေါင်းဆောင်ကြီးများ အကြောင်းကိုလည်းကောင်း၊ အလယ်တန်းပြဆရာမ ဒေါ်အေးအေးဝင်းက လွတ်လပ်ရေးနေ့သမိုင်းကြောင်းကိုလည်းကောင်း ရှင်းလင်းဟောပြောကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနမှ ထုတ်ဝေသည့် (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် လက်ကမ်း စာစောင်များကို ဝေငှခဲ့ကြောင်းသိရသည်။
သိန်းလွင် (အောင်လံ)