လိပ်သိုမြို့တွင်  ကလေးငယ်များ အသိပညာ ဗဟုသုတရှာဖွေရန် ပြည်သူ့စာကြည့်တိုက်သို့  စာအုပ်စာစောင်များ လာရောက်ငှားရမ်း

 

လိပ်သို  မေ  ၂၅

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် နွေရာသီကျောင်းပိတ် ရက်ကလေးငယ်များ  ဗဟုသုတရှာဖွေရန် စိတ်ဝင်စားသည့်ကလေးငယ်များမှ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဖွင့်လှစ်ထားသည့် ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်းသို့ ယနေ့နံနက်ပိုင်းက အမှတ်(၁) ရပ်ကွက်မှကလေးငယ်များ လာရောက်၍ စာအုပ်စာစောင်များ လေ့လာဖတ်ရှု ငှားရမ်းကြကြောင်း သိရသည်။

စာကြည့်တိုက်တွင် သုတ/ရသစာအုပ်များ၊ ကလေးများအကြိုက် ရုပ်ပြကာတွန်းများ၊ ပုံပြင်များ၊ တေဇ၊ ရွှေသွေး၊ တိုင်းရင်းသားရိုးရာရုပ်ပြပုံပြင်များ၊  ဉာဏ်စမ်း ပဟေဠိစာအုပ်များ စသည့်စာအုပ် စာစောင်များအပြင် ကလေးများအကြိုက် ပြိုင်ပွဲအစီ အစဉ်များ ပြုလုပ်ပေးကာ အမှတ်တရ ဆုလက်ဆောင်များချီးမြှင့်ပေးကြောင်း၊ ကလေးများအတွက် ကလေးစာပေဖတ်ရှုခြင်းအပြင် စာကြည့်တိုက်ကို ဗဟုသုတရှာဖွေရာနေရာ တစ်ခုအဖြစ်  ဖွင့်လှစ်ထားရှိပြီး ဟောပြောပွဲများ၊ ဆွေးနွေးပွဲများ၊စာအုပ်စာစောင်ပြပွဲများနှင့် Talk Show အစီအစဉ်များ ပြုလုပ်ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။

လိပ်သိုမြို့ရုံး ပြည်သူ့စာကြည့်တိုက်အတွင်းရှိ ကလေးစာဖတ်ခန်းကို သီးသန့်ဆောင်ရွက်ထားပြီး ကလေးများအကြိုက် ပုံပြင်ပြောခြင်း၊ ဆေးရောင်ခြယ်ခြင်း၊ အရုပ်ဆက်ခြင်း၊ ကဗျာရွတ်ဆိုခြင်း၊ စာဖတ်စွမ်းရည် စသည့်ပြိုင်ပွဲများကို လစဉ်ပြုလုပ် ပေးလျက်ရှိကြောင်း သိရသည်။

ခင်လေးနွယ် (လိပ်သို)