ကော့မှူးမြို့နယ် တကူပုံကျေးရွာ၌ အခြေခံ ကွန်ပျူတာသင်တန်းဆင်းပွဲ‌ ကျင်းပ

ကော့မှူး ဖေဖော်ဝါရီ ၂၇

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဖွင့်လှစ်သော အသက်‌မွေးဝမ်း‌‌ကျောင်းအထောက်အကူပြု အခမဲ့အခြေခံကွန်ပျူတာ သင်တန်းဆင်းပွဲကို ယမန်နေ့ နံနက ၁၀ နာရီက တကူပုံကျေးရွာ ဘက်စုံသုံးခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ခင်အေးက သင်တန်းဖွင့်လှစ်ပေးရခြင်း၏ ရည်ရွယ်ချက်များနှင့် သင်တန်းဆင်းပြီး မေ့လျော့မှုမရှိအောင် လေ့ကျင့်ကြရန် ရှင်းလင်း ပြောကြားခဲ့သည်။

ဆက်လက်၍ တကူပုံကျေးရွာအုပ်စု အုပ်ချူပ်ရေးမှူး ဦးခင်ဝင်းက‌ ကျေးရွာတွင် သင်တန်းလာရောက်ဖွင့်လှစ်ပေးသည့်အတွက် အထူးပင်ကျေးဇူးတင်ပါကြောင်း ကွန်ပျူတာသင်တန်းအပြင် အခြားအသက်‌မွေးဝမ်းကျောင်းသင်တန်းများကိုလည်း လာရောက်ဖွင့်လှစ်ပေးပါရန် ပြောကြားခဲ့သည်။

ထို့နောက် ကွန်ပျူတာသင်တန်း နည်းပြဆရာ ဦးအောင်ဆန်းလင်းမှ ဆုရွေးချယ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့ပြီး သင်တန်းတွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသူများကို တာဝန်ရှိသူများက ဆု‌များပေးအပ်ခဲ့ကြသည်။

အဆိုပါ သင်တန်းသို့ သင်တန်းသား သင်တန်းသူ (၃၀)ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ (၂၀)ရက်ကြာမြှင့်ခဲ့ကြောင်းသိရသည်။

ကျော်သူရ ကော့မှူး