တောင်ငူ၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေးလုပ်ငန်းများဆောင်ရွက်

တောင်ငူ  အောက်တိုဘာ   ၇

 

တောင်ငူခရိုင် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက တောင်ငူမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက်  အသိပညာပေးလုပ်ငန်းများကို မြို့နယ်အတွင်း ဖွင့်လှစ်ရောင်းချလျှက်ရှိသည့် စျေးများ ၊ ယာယီစျေးများ၊ ရပ်ကွက်များ၊ လမ်းဆုံနေရာများသို့ ယ​​နေ့နံနက်ပိုင်းက ကွင်းဆင်း၍  ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

အဆိုပါ အသိပညာပေး လုပ်ငန်းများဆောင်ရွက်ရာ၌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန် ထားသော လမ်းညွှန်ချက်များအား ပြည်သူများသိရှိနိုင်စေရန်ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ရေးအတွက် ကြိုတင်ကာကွယ်ရမည့် နည်းလမ်းများအား ပြည်သူများ သိရှိစေနိုင်ရေး အသံချဲ့စက်ဖြင့် ကြေညာခြင်း၊ နံရံကပ်ပိုစတာများ ပြသခြင်းများနှင့် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရပြီး အများပြည်သူများ သိရှိစေရန် လူစည်ကားရာနေရာများသို့ အသိပညာ​ပေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ကွင်းဆင်းဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

ဇော်ထက် (တောင်ငူ)