ကျောက်တန်းမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် UNICEF (မြန်မာ) မှ လှူဒါန်းသော တိုင်းရင်းသား ပုံပြင်များအခမဲ့လာရောက်လေ့လာဖတ်ရှုနိုင်

 

ကျောက်တန်း    ဇန်နဝါရီ     ၃

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင်  UNICEF (မြန်မာ) မှ ကလေးစာပေတိုင်းရင်းသား ပုံပြင်စာအုပ်များကို လှူဒါန်းထားကြောင်း သိရသည်။

အဆိုပါ တိုင်းရင်းသားပုံပြင်စာအုပ်များတွင် မြန်မာနိုင်ငံအတွင်းနေထိုင်ကြသော တိုင်းရင်းသားလူမျိုးများ၏ ပညာပေးပုံပြင်များကို တိုင်းရင်းသားဘာသာစကားနှင့် မြန်မာဘာသာစကားတို့ဖြင့် ရိုက်နှိပ်ထားပြီး တိုင်းရင်းသားပုံပြင် (၂၅) မျိုးကို တစ်ဘာသာလျှင်(၁၀) အုပ်နှုန်း ဖြင့် အုပ်ရေ(၂၅၀) ကို လှူဒါန်းထားရာ အခမဲ့ လာရောက် လေ့လာဖတ်ရှုနိုင်ကြောင်း သိရသည်။

ခင်ဆွေဝင်း(ကျောက်တန်း)