တွံတေး ဖေဖေါ်ဝါရီ၂၇
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ တွံတေးမြို့နယ်တွင် ဗီဒီယိုသတင်းရိုက်ကူးတည်းဖြတ်ပေးပို့နည်း ဆင့်ပွားပို့ချမှုသင်တန်းအား ယနေ့နံနက်(၁၀)နာရီတွင် တွံတေးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (CommunityCentre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြာင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ဦးစီးမှူး ဦးသက်ဦးက Video သတင်းရိုက်ကူးပေးပို့နည်းဆင့်ပွားပို့ချမှုသင်တန်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် သတင်းများရိုက်ကူးရာတွင် အရည်အသွေးကောင်းမွန်စေရန် သတင်းမီဒီယာကျင့်ဝတ်နှင့်အညီ လိုက်နာဆောင်ရွက်တတ်စေရန် ဝန်ထမ်းများအားလုံး သတင်းများပေးပို့ခြင်းအပြင် Video သတင်းရိုက်ကူးပေးပို့နိုင်ရန် ဆင့်ပွားပို့ချရခြင်း ဖြစ်ကြောင်းပြောကြားခဲ့သည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးရုံးတွင် ဖွင့်လှစ်ခဲ့သော Video သတင်းရိုက်ကူးတည်းဖြတ်ပေးပို့နည်းသင်တန်းတွင် တက်ရောက်ခဲ့ကြသော ဦးကျော်သူရ၊ ဦးဝေယံထွန်းတို့က ကင်မရာ၊ လက်ကိုင်ဖုန်းတို့ဖြင့် Video သတင်းရိုက်ကူးတည်းဖြတ်မှုဖိုင်သိမ်းဆည်းမှုနှင့် သတင်းပေးပို့မှု တို့ကို စာတွေ့/လက်တွေ့ သင်ကြားပို့ချခဲ့ကြသည်။
အဆိုပါ ဆင့်ပွားသင်တန်းသို့ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဒလ၊ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်း၊ ဆိပ်ကြီးခေနာင်တိုမြို့နယ်များမှ ဓာတ်ပုံကျွမ်းကျင်(၂)ဝန်ထမ်းများနှင့် သတင်းစိတ်ပါဝင်စားသော ဝန်ထမ်းများတက်ရောက်ခဲ့ကြောင်းသိရသည်။
မျိုးလှိုင် (တွံတေး)