မုဒုံ ဇွန် ၁
မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းစတင်ဖွင့်လှစ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲက အမှတ်(၂)အခြေခံပညာအထက်တန်း ကျောင်းရှေ့တွင် ကျင်းပသည်။
ရှေးဦးစွာ မုဒုံမြို့နယ်တပ်နယ်မှူးဒုတိယဗိုလ်မှူးကြီး ကျော်ဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးနှင့် ကျောင်းအုပ်ဆရာမကြီးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး တက်ရောက်လာကြသူများမှ နိုင်ငံတော်အလံအားအလေးပြုကာ နိုင်ငံတော်သီချင်းအားသံပြိုင်သီဆိုခဲ့ကြသည်။ ထို့နောက်ကျောင်းသား/ သူများမှ မြန်မာ့ကျောင်းသီချင်းအားသီဆိုကာ အ.ထ.က(၂)ကျောင်းသား/ သူဘင်ခရာအဖွဲ့မှ သရုပ်ပြစွမ်းရည်ပြသခဲ့ပြီး တာဝန်ရှိသူများမှ ဂုဏ်ပြုဆုများချီးမြှင့်ပေးအပ်ခဲ့သည်။
အဆိုပါ အခမ်းအနားသို့ မုဒုံမြို့နယ် တပ်နယ်မှူး ဒုတိယဗိုလ်မှူးကြီး ကျော်ဝင်း၊ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျောင်းအကျိုးတော်ဆောင် ရပ်မိရပ်ဖများ၊ ကျောင်း သား / သူ စုစုပေါင်း ၁၁၅၀ ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သားငယ် (ပြန်/ ဆက်)