ကျောက်တံတား ဇန်နဝါရီ ၃
ကျောက်တံတားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာ့အလင်း ခေတ်မီစာကြည့်တိုက်တွင် ယမန်နေ့ မွန်းလွဲ(၂) နာရီက ကျောက်တံတားမြို့နယ် စာပေချစ်သူများအဖွဲ့ (Book Club) မှ စာဖတ်ဝိုင်း ကျင်းပခဲ့သည်။
အဆိုပါ စာဖတ်ဝိုင်းတွင် စာရေးဆရာ ချစ်ဦးညိုရေးသားသော ''တိုးတက်ခြင်း ၊ဆုတ်ယုတ်ခြင်းနှင့် ယဉ်ကျေးမှု စာမျက်နှာ'' စာအုပ်ပါ မှတ်သားသင့်သော အချက်အလက်များကို စာရေးဆရာ သင်္ချာအောင်သင်းနှင့် မြို့နယ်ဦးစီးမှူး ဒေါ်နန်းနွဲ့သိဂီတို့က ရှေးဦးစွာ ဆွေးနွေးကြပြီး Book Club အဖွဲ့ဝင်အငြိမ်းစား ကျောင်းအုပ်ဆရာမကြီး ဒေါ်ညွန့်ညွန့်မှ စာအုပ်ပါအကြောင်းအရာနှင့် ပတ်သက်၍ စာရေးဆရာ၏ ဆိုလိုရင်း အချက်အလက်များနှင့် ယဉ်ကျေးမှုဆိုသည် ကို စာရေးဆရာ ၏ အဓိပ္ပါယ်ဖွင့်ဆိုထားပုံတို့အား လက်တွေ့ ပတ်ဝန်းကျင်တွင် ဖြစ်ပေါ်နေသည့် အဖြစ်အပျက်များနှင့် နှိုင်းယှဉ်ဖော်ပြ ဆွေးနွေးခဲ့သည်။
ထို့နောက် တက်ရောက်လာသူ စာပေချစ်သူများမှလည်း စာအုပ်ပါအကြောင်းအရာအပေါ် ဖြည့်စွက်ဆွေးနွေးခဲ့ကြပြီး နောက်လတွင်ပြုလုပ်မည့် စာဖတ်ဝိုင်း နှင့်ပတ်သက်၍ ရက်သတ်မှတ်ခြင်း၊ စာအုပ်ရွေးချယ် ခြင်းများကို ပြုလုပ်ခဲ့ကြောင်းသိရသည်။
ရွှေနန်းမေ (ပြန်/ဆက်)