ပခုက္ကူမြို့၌ ကြားဖြတ်သန်းခေါင်စာရင်းကောက်ယူ

ပခုက္ကူ  ဇန်နဝါရီ  ၂

၂၀၁၉ခုနှစ်၊ ကြားဖြတ်လူဦးရေသန်းခေါင်စာရင်းကို ယနေ့ နံနက်ပိုင်းက ပခုက္ကူမြို့၊ အမှတ် ၁နှင့်အမှတ် ၁၅ ရပ်ကွက်များ၌ စတင်ကောက်ယူခဲ့သည်။

ပခုက္ကူမြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာအုပ်စု (၂၂)စုတွင် နမူနာကောက်ကွက် (၂၃)ကွက်ကို ဇန်နဝါရီလ ၂ရက်နေ့မှ ၁၅ရက်နေ့အထိ စာရင်းကောက်/စာရင်းစစ်များဖြင့် ကောက်ယူသွားမည်ဖြစ်ပြီး ပခုက္ကူမြို့ အမှတ် ၁နှင့် အမှတ် ၁၅ ရပ်ကွက်အတွင်း ကြားဖြတ်သန်းခေါင်စာရင်းကောက်ယူနေမှုကို ပခုက္ကူမြို့နယ်ကြားဖြတ်လူဦးရေသန်းခေါင်စာရင်းကောက်ယူရေး ကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဆောင်၊ အလုသမားလူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်မျိုးထွန်းနှင့်တာဝန်ရှိသူများမှ လိုက်လံကြည့်ရှုအားပေးသည်။

မြန်မာနိုင်ငံတွင် ၂၀၁၄ ခုနှစ်က လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခဲ့ပြီး ယခုအခါ ၂၀၁၉ခုနှစ် ကြားဖြတ် လူဦးရေသန်းခေါင်စာရင်းကို အချက်(၁၀၀)ခန့်ဖြင့် ကောက်ယူနေခြင်းဖြစ်ကြောင်း သိရသည်။

 

ကိုဇော်(ဓာတု)