လှည်းကူး ဇွန် ၅
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများ (Book Club) အဖွဲ့တို့ပူးပေါင်းပြီး ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပျိုရေးအကြောင်း အသိပညာပေး (Talk Show) ကို ယနေ့ မွန်းလွဲ ၁ နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါ အသိပညာပေးဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်အေးအေးနွဲ့က အသိပညာပေးဆွေးနွေးပွဲ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး စာအုပ်စာစောင်ချစ်မြတ်နိုးသူများအဖွဲ့ဝင် ဦးစိုးသူက ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ ဖြစ်ပေါ်လာပုံ၊ အမှိုက်တွေကိုစနစ်တကျစွန့်ပစ်ရန်၊ သစ်ပင်သစ်တောများ စိုက်ပျိုးရန်နဲ့ရှင်သန်အောင်ထိန်းသိမ်းရေး၊ ပိုးသတ်ဆေးတွေကို စနစ်တကျ ကိုင်တွယ်သုံးစွဲစွန့်ပစ်ကြဖို့၊ လျှပ်စစ်မီးကို လိုအပ်သလောက်သုံးစွဲ၍၊ ရေကိုဆုံးရှုံးမှု မဖြစ်စေရေး ချွေတာသုံးစွဲရန်၊ ကမ္ဘာကြီးပူနွေးလာမှုနှင့်အတူ လူသားတွေဆက်လက်ရပ်တည်နိုင်ဖို့ လိုက်နာဆောင်ရွက်ရမည့်အကြောင်းအရာများ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် လိုက်နာကျင့်သုံး ဆောင်ရွက်သင့်သည်များကို အကျယ်တဝင့်ဆွေးနွေးခဲ့ကြောင်း သိရသည်။
အေးအေးနွဲ့(ပြန်/ဆက်)