ဒိုက်ဦးမြို့၌ လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းတွင် ပန်းကန်ဆေးဆပ်ပြာရည် ပြုလုပ်နည်းလက်တွေ့ပို့ချ

ဒိုက်ဦး ဇွန် ၇

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီး အသေးစား စက်မှုလက်မှု လုပ်ငန်းဦးစီးဌာနက လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းကို ဇွန်လ ၆ ရက်နေ့မှ ၁၀ ရက်နေ့အထိ ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Centre)ခန်းမ၌ ကျင်းပပြုလုပ်လျက်ရှိသည်။

သင်တန်းတွင်  အဝတ်လျှော်၊ ပန်းကန်ဆေး၊ လက်ဆေးဆပ်ပြာဆီများ၊ လျှော်မွေးနှင့် မျက်နှာသစ်ဆပ်ပြာ ပြုလုပ်နည်းကို စာတွေ့၊ လက်တွေ့ဖြင့် ငါးရက်ကြာ သင်တန်းနည်းပြ ဦးစိုင်းမင်းပိုင်က (အခမဲ့) သင်ကြားပေးရာ သင်တန်းသား ၂၀ ဦး တက်ရောက်သင်ကြား လျက်ရှိသည်။

အဆိုပါသင်တန်းတွင် နည်းပြဆရာ ဦးစိုင်းမင်းပိုင်က ယနေ့နေ့လယ် (၁:၃၀)နာရီအချိန်ခန့်က ပန်းကန်ဆေး ဆပ်ပြာရည်ပြုလုပ်နည်းကို လက်တွေ့ပို့ချ သင်ကြားပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)