မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့၊ သမ္မာဆန္ဒကရုဏာရှင်များ နာမှုကူညီရေးအသင်းအတွက် အလှူငွေနှင့် ကိုဗစ် - ၁၉ ရောဂါကာကွယ်ရေးသုံးပစ္စည်းများ ထောက်ပံ့လှူဒါန်း

ပွင့်ဖြူ အောက်တိုဘာ ၈

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့သမ္မာဆန္ဒကရုဏာရှင်များ နာမှုကူညီရေးအသင်းမှ ပရဟိတ အဖွဲ့ ဝင်များ မြို့နယ်အတွင်း ကိုဗစ် - ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ပူးပေါင်း ဆောင်ရွက် ရာ၌ ကိုဗစ် - ၁၉ ရောဂါကင်းဝေးစေရေး အတွက် ရည်ရွယ်၍ အောက်တိုဘာ ၇ ရက် ၊ နံနက်ပိုင်းက ဦးသတိုးဟိန်း - ဒေါ်စိုးမာလာ (မြန်မာ့ဩဘာလုပ်ငန်း)မိသားစုက အလှူငွေနှင့် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ရေးသုံးပစ္စည်းများ လာရောက်ထောက်ပံ့ လှူဒါန်းခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့၊ သမ္မာဆန္ဒကရုဏာရှင်များ နာမှုကူညီရေးအသင်းအနေဖြင့် မြို့နယ်အတွင်းရှိ ဒေသခံ ပြည်သူ များ၏ ကျန်းမာရေးကိစ္စနှင့် နာရေးကိစ္စ အဝဝကို ပြည်သူ့အကျိုးပြု ကြိုးပမ်း ကူညီဆောင်ရွက် ပေးလျက်ရှိသည့်အပြင် ကိုဗစ် - ၁၉ ဖြစ်ပွားသည့်ကာလ မြို့နယ်တွင်းရှိ ပြည်သူများ ကိုဗစ် - ၁၉ ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် မြို့နယ်ကိုဗစ် - ၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်း များကို ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရ၍ ယမန်နေ့ နံနက်ပိုင်းက အလှူရှင် ဦးသတိုးဟိန်း - ဒေါ်စိုးမာလာ (မြန်မာ့ဩဘာလုပ်ငန်း)မိသားစုက ပွင့်ဖြူမြို့ ၊ သမ္မာဆန္ဒကရုဏာရှင်များ နာမှု ကူညီရေး အသင်းရှိ ပရဟိတအသင်းသားများ ကိုဗစ် - ၁၉ ရောဂါကာကွယ်ရေး လုပ်ငန်းများတွင် အသုံးပြုရန် အလှူငွေကျပ် နှစ်သိန်း ၊ ဘတ္ထရီဆေးဖျန်းပုံး(၃)ပုံး ၊ ပိုးသတ် ဆေးရည်ဗူး ၃၀ ဗူး ၊ awba တံဆိပ်ပါ နှာခေါင်းစည်း(Mask) အခုရေ ၂၀၀ တို့ကို ပေးအပ်လှူဒါန်းရာ အသင်းဥက္ကဋ္ဌ ဦးတင်ဝမ်းနှင့် တာဝန်ရှိ သူများက လက်ခံရယူခဲ့ကြပြီး အလှူရှင်အား ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။  
ရဲဝင်းနိုင် ( ညောင်ဦး )