လှိုင်သာယာ(အနောက်ပိုင်း) အောက်တိုဘာ ၈
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ ကိုဗစ်−၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုလျော့ကျစေရေးနှင့် ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ရည်ရွယ်၍ We Love Yangon (Hlaingtharyar) အဖွဲ့က အမှတ်(၁၄)ရပ်ကွက်နှင့် အမှတ်(၁၂)ရပ်ကွက်များရှိ Lockdown ချထားသော လမ်းများမှ အိမ်ထောင်စုများအတွက် အခြေခံစားသောက်ကုန်များကို ယမန်နေ့ ညနေ ၅ နာရီခွဲခန့်က ပေးအပ်လှူဒါန်းခဲ့သည်။
ထိုသို့ လှူဒါန်းပေးအပ်ရာတွင် We Love Yangon (Hlaingtharyar)အဖွဲ့ နှင့် လှိုင်သာယာမြို့နယ် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီတို့မှ လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ် အမှတ်(၁၄)ရပ်ကွက်ရှိ Lockdown ချထားသော လမ်းများမှ အိမ်ထောင်စု(၅၈)စု၊ အမှတ်(၁၂) ရပ်ကွက်ရှိ Lockdown ချထားသော လမ်းများမှ အိမ်ထောင်စု(၂၉) စုစုပေါင်း Lockdown ချထားသော လမ်းများမှ အိမ်ထောင်စု(၈၇)စု တို့ကို ပေးအပ်လှူဒါန်းခဲ့သည်။
အဆိုပါ လှူဒါန်းပေးအပ်ရာတွင် အိမ်ထောင်စုတစ်စုလျှင် ဆန်(၆)ပြည်၊ ဆီ(၅၀)သား (၁)ဘူး၊ ကုလားပဲ (၁)ထုပ်၊ ငါးသေတ္တာ(၅)ဘူးပါ (၁)ကတ်၊ ကော်ဖီမစ် အထုပ်(၃၀)ပါအထုပ်ကြီး(၁)ထုပ်၊ ခေါက်ဆွဲ ခြောက် (၁၀)ထုပ်နှင့် ရှူးရှဲလက်ဖက် (၁၀)ထုပ်စီအား ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
မြသန္တာဝင်း(ပြန်/ဆက်)