မင်္ဂလာဒုံမြို့နယ် Community Centre ခန်းမတွင် ကလေးသူငယ်တို့ ကာကွယ်ခေါင်းစဉ်ဖြင့် Talk Show ကျင်းပ

မင်္ဂလာဒုံ ဇွန် ၉

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်၊ (Community Centre)ခန်းမ၌ ကလေးသူငယ်တို့ ကာကွယ်ခေါင်းစဉ်ဖြင့် ကလေးသူငယ် အကြမ်းဖက်မှု ကာကွယ်‌ရေး အသိပညာပေး Talk Showကို ယနေ့ နံနက် ၁၁ နာရီအချိန်က ပြုလုပ်ခဲ့ပါသည်။

 Talk Show ကို မင်္ဂလာဒုံမြို့နယ် ပြန်ကြား‌​ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့်‌ မြို့နယ်စာရေးဆရာအသင်းမှ စာရေးဆရာမ ကြည်သာရီတို့က ကလေးသူငယ်ဟု သတ်မှတ် ပြဌာန်းထားသည့် အသက်အရွယ်အပိုင်းအခြား၊ ကလေးသူငယ်များတွင် ကျရောက်နိုင်သည့် သဘာဝဘေးအန္တရာယ်များ၊ ကလေးသူငယ်တို့ ကြုံတွေ့နေရသည့် အိမ်တွင်းအကြမ်းဖက်မှုများ ၊ ကလေးလုပ်သား၏ အကျိုးဆက်များကို အကျယ်တဝင့်ဆွေးနွေးခဲ့ကြပါသည်။

မင်္ဂလာဒုံမြိုနယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အများပြည်သူဗဟုသုတရရှိတိုးပွားစေရေးအတွက် online စာမျက်နှာများ ဖွင့်လှစ်၍ သဘာဘေးအန္တရာယ် အမျိုးမျိုးအသိပညာပေး ထုတ်ပြန်ချက်များ၊ ကျန်းမာရေးဆိုင်ရာကိစ္စရပ်များ၊ နေ့ထူးနေ့မြတ်များ ၊ စာပေဗဟုသုတဆိုင်ရာများကို အချိန်နှင့်တစ်ပြေးညီ ထုတ်လွှင့်ပေးလျက်ရှိကြောင်း သိရှိရသည်။

ဝုန်လွန်းညောင်(ပြန်/ဆက်)