တိုက်ကြီးမြို့နယ် ကိုဗစ်-၁၉ စောင့်ကြည့်ရေးစင်တာသို့ မြန်မာပိတောက်ကုမ္ပဏီမှ ငွေကျပ်(၁၅)သိန်း လာရောက်လှူဒါန်း

တိုက်ကြီး အောက်တိုဘာ ၈


ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်တွင် ဖွင့်လှစ်ထားသော ကိုဗစ်-၁၉ စောင့်ကြည့်ရေးစင်တာ အခြေခံပညာအထက်တန်းကျောင်း(တိုက်ကြီး)သို့ မြန်မာပိတောက်ကုမ္ပဏီ (ရန်ကုန်)မှ ငွေကျပ်(၁၅)သိန်းကို ယမန်နေ့ ညနေ ၄ နာရီခွဲ အချိန်ခန့်က လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
အ.ထ.က(တိုက်ကြီး)တွင် ဖွင့်လှစ်ထားသော ကိုဗစ်-၁၉ စောင့်ကြည့်ရေးစင်တာတွင် အထွေထွေအသုံး ပြုရန်နှင့် Volunteer များအတွက် လိုအပ်သည်များ အသုံးပြုနိုင်ရန် အတွက် မြန်မာပိတောက် ကုမ္ပဏီ(ရန်ကုန်)မှ Assistance Manager ကိုအာကာဇော်နှင့် အဖွဲ့မှ ငွေကျပ်(၁၅)သိန်းကို လာရောက် လှူဒါန်းရာ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန မြို့နယ်ကျန်းမာရေးမှူး ဦးမြင့်ထွေးနှင့် စေတနာ့ ဝန်ထမ်းခေါင်းဆောင် ဦးဇော်ထွန်းတို့က လက်ခံရယူခဲ့ကြောင်း သိရသည်။
စန်းကလျာခိုင်(ပြန်/ဆက်)