ကျိုက်မရော အောက်တိုဘာ ၈
မြန်မာနိုင်ငံတစ်ဝှမ်းလုံး၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးကို နိုဝင်ဘာ ၈ ရက်တွင် ကျင်းပတော့မည်ဖြစ်ရာ ဒုတိယအကြိမ်မဲစာရင်းများ ကြေညာထားရှိမှု များကို ယနေ့ နံနက် ၉နာရီက မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအတွင်းရေးမှူး ဒေါ်အိ သဲလင်း နှင့် အဖွဲ့ခွဲ ဝင်များကသက်ဆိုင်ရာနယ်မြေများသို့ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ထိုသို့ကြေညာထားမှုများအား ပြည်သူများလာရောက်ကြည့်ရူမှုနှင့် ပြင်ဆင်ပယ်ဖျက်ရန် လိုအပ် မှုများအပေါ် ရပ်/ကျေး ကော်မရှင်များအနေဖြင့်ဆောင်ရွက်နေမှုများကို ကြည့်ရူစစ်ဆေးပြီး လိုအပ်သည်များကို ဖြည့်စွက်ဆောင်ရွက်ပေးခဲ့ကြသည်။
ထို့နောက်စစ်ဆေး ရေးအဖွဲ့ဝင်များသည် ကျေးရွာကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့်အတွင်းရေးမှူးများ အားတွေ့ဆုံ၍ မဲဆန္ဒရှင်စာရင်းများအား ပြည်သူများအလွယ်တကူလာရောက်ကြည့်ရူနိုင်မည့်နေရာများတွင် ထင်သာမြင်သာအောင် ကပ်ထားပေးရေး၊ ပြည်သူများတစ်အိမ်ထောင်စုလျှင် အနည်းဆုံးတစ်ဦး လာရောက်ကြည့်ရူစေရေး နှိုးဆော်ခြင်းများကိုဆောင်ရွက်စေပြီး မဲစာရင်းလာရောက်ကြည့်ရူသူပြည်သူများ အနေဖြင့် စာရင်းများပြင်ဆင်ဖြည့်စွက်ခြင်း၊ ထည့်သွင်းလိုခြင်းများ ကို အချိန်နှင့်တစ်ပြေးညီဆောင်ရွက်ပေးရန်တို့ကိုဆွေးနွေးမှာကြားခဲ့ကြောင်းသိရသည်။
ချို ချို (ပြန်/ဆက်)