ကျောက်တော်မြို့၌ မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေး Talk Show ပြုလုပ်

ကျောက်တော် ဇွန်  ၉

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်​၊ ကျောက်တော်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Community Centre ခန်းမ၌ မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေး Talk Show ကို ယနေ့နေ့လယ်ပိုင်းက  ကျင်းပပြုလုပ်သည်။

ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ​ဒေါ်ခိုင်စန္ဒာထွန်းနှင့် စာကြည့်တိုက်လက်ထောက်- ၃ ဒေါ်အေးကျော့လှိုင်တို့က မူးယစ်ဆေးဝါး‌ကြောင့် ကျောင်းသား လူငယ်များ စာရိတ္တပျက်ပြားပြီးလမ်းမှားပေါ်မရောက်အောင်၊ မူးယစ်ဆေးအစ ဆေးလိပ်က ဆိုသဖြင့် ဆေးလိပ်၊ ကွမ်းယာ စသည်များကို ရှောင်ရှားကြရန်၊ မူးယစ်ဆေးဝါး၏ ဆိုးကျိုးအပြစ်မျာကို သိရှိပြီးကြိုတင်ကာကွယ်နိုင်ရန်၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ထိန်းချုပ်ဓာတုပစ္စည်းများကိုသုံးစွဲခြင်း၊ လက်၀ယ်ထားရှိရောင်း၀ယ်ခြင်းများ ကျူးလွန်ပါက ဆိုးကျိုးများ၊ ပြစ်မှုပြစ်ဒဏ်များအကြောင်းနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ်တားဆီး ကာကွယ်ရေးလုပ်ငန်းများ၊ မူးယစ်ဆေးဝါးသုံးစွဲရခြင်း၏ အကြောင်းအရင်းများနှင့် တစ်မျိုးသားလုံး မူးယစ်အန္တရာယ်ကင်းစင်ဖို့ ဝိုင်းဝန်းကာကွယ်တားဆီးစို့ စသည့် ခေါင်းစဉ်များဖြင့် အပြန်အလှန်ပြောကြားဆွေးနွေးခဲ့ကြသည်။

ခင်မောင်ထွန်း