သနပ်ပင်မြို့နယ်၌ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်နှင့်ပိုစတာများဖြန့်ဝေ

သနပ်ပင်၊ အောက်တိုဘာ


ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်၌ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ရက်နေ့တွင် ကျရောက်သော ပါတီစုံဒီမိုကရေစီအထွေးထွေးရွေးကောက်ပွဲအတွက် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲမှ ထုတ်ဝေသော ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်၊ပိုစတာများဖြန့်ဝေခြင်းကို  အောက်တိုဘာလ ရက်နေ့ နံနက် နာအချိန်က  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဌာန၊ မြို့နယ်   ဦးစီးမှူးနှင့်ဝန်ထမ်းများမှပြည်သူများလက်ဝယ်အရောက်ဖြန့်ဝေခဲ့ကြသည်။


 အဆိုပါလက်ကမ်းစာစောင်တွင် သင့်အမည် မဲဆန္ဒရှင်စာရင်းတွင်  ပါ/မပါ စစ်ဆေးပြီးပြီလား ခေါင်းစဉ် ဖြင့် ယခုအကြိမ်သည်နောက်ဆုံးအကြိမ် အခွင့်အအရေးဖြစ်သည့်အတွက်ရွေးကောက်ပွဲကျင်းပသည့်နေ့တွင်  မဲဆန္ဒရှင်များ၌ မိမိစာရင်းကို အလွယ်တကူရှာဖွေနိုင်ရေး အကြံပြုချက်များ၊ Online မှ မဲစာရင်းများ စစ်ဆေးရန်နည်းလမ်းများ၊  ကိုဗစ်၁၉ရောဂါဘေးကင်းလုံခြုံရေးလမ်းညွှန်ချက်များ  စသည့်အချက်များ ပါဝင်ကြောင်းသိရှိရသည်။


  ရွေးကောက်ပွဲတွင်   ဆန္ဒမဲပေးနိုင်ရန် မဲပေးခွင့်ရှိသူများ၏ အမည်စာရင်းများကို သက်ဆိုင်ရာ  ရပ်ကွက်/ ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် အောက်တိုဘာ ၁ရက်မှ ၁၄ရက်နေ့ထိ ကပ်ထား ကြေငြာထားပြီးဖြစ်ရာ မဲပေးခွင့်မရှုံးဆုံးစေရေး  မဲဆန္ဒရှင်အမည်စာရင်းများ သွားရောက်ကြည့်ရှု့ရန် အသိပညာပေးသည့်အနေဖြင့်လက်ကမ်းစာစောင်၊ပိုစတာများအားဖြန့်ဝေပေးခဲ့ကြကြောင်းသိရှိရသည်။
 


လှမိုး(သနပ်ပင်)