သန်လျင် အောက်တိုဘာ ၈
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ဈေးများ၌ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးနမှ ထုတ်ပြန်ထားသော Stay at Home ကာလ အတွင်း ပြည်သူများ မဖြစ်မနေစားသောက်ကုန်များဖြစ်သော သားငါးနှင့် ဟင်းသီးဟင်းရွက် ရေားင်းချသူများအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်- ၁၉ ကျန်းမာရေးစည်းကမ်းချက် များနှင့်အညီ ရောင်းချခြင်းမရှိခြင်းနှင့် ပါးစပ်နှာခေါင်းစည်း Mask တပ်ဆင်မှုမရှိသည့် ဈေးရောင်းချ သူများ၊ ဈေးဝယ်သူများအား ယမန်နေ့ နံနက်ပိုင်းမှ စတင်ကာ အရေးယူမှုများ စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သန်လျင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ ဈေးတွေကို ကိုဗစ်- ၁၉ ကာလမွာ ပြည်သူတွေ အခြေခံစားသောက်ကုန်ပစ္စည်းများဖြစ်တဲ့ ဆန်၊ ဆီ၊ ဆား အစရွိတဲ့ အဓိကစားကုန်များနဲ့ သားငါး၊ ဟင်းသီးဟင်းရွက်များကို အလွယ်တကူ ဝယ်ယူဖို့အတွက် ဈေးတွေကို မပိတ်ဘဲဖွင့်လှစ်ရောင်းချ ပေးနေပါတယ်၊ ဒီလိုဖွင့်ပေးနိုင်ရေးအတွက်လည်း ဈေးများအတွင်း ကိုဗစ်- ၁၉ ရောဂါကာကွယ်ရေး လုပ်ငန်းတွေဖြစ်တဲ့ သန့်ရှင်းရေးလုပ်ငန်းများနဲ့ ပိုးသတ်ဆေးဖြန်းခြင်း စတဲ့လုပ်ငန်းတွေကို နေ့ပိုင်း/ညပိုင်း ဆောင်ရွက်ပေးနေသလို ဈေးများအတွင်း ရောဂါကာကွယ်ရေးနဲ့ အသိပညာပေးခြင်း တွေကိုလည်း သန်လျင်မြို့နယ် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီ နာယကများဖြစ်တဲ့သန်လျင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ် စည်ပင်သာယာရေးကော်မတီ၊ ဌာနဆိုင်ရာများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိတွေနဲ့ ဝန်ထမ်းများက လူမှုရေးအသင်းအဖွဲ့များ၊ ပရဟိအဖွဲ့များနဲ့ ပူးပေါင်းပြီး ဈေးအတွင်းဝင်ရောက်လာ သူများကို ကိုယ်အပူချိန် တိုင်းပေးခြင်းတွေ၊ နှာခေါင်းစည်းများ စနစ်တကျတပ်ဆင်ရေးအတွက် ပါးစပ်နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေပေးခြင်းများနဲ့ လက်များအားစနစ်တကျဆေးကြရေး စတဲ့ ကာကွယ်ရေးလုပ်ငန်းတွေကို အဆက်မပြတ် ပူးပေါင်းလုပ်ဆောင်ပေးနေပါတယ် စည်းကမ်းလိုက်နာတဲ့သူတွေရှိသလို တစ်ချို့သော ဈေးရောင်းသူများနဲ့ ဈေးဝယ်သူတွေက စည်ကမ်းမလိုက်နာတာတွေရှိလာတယ် ကျွန်တော်တို့အနေနဲ့ ဈေးအတွင်း ပါးစပ်နှာခေါင်းစည်း Mask ကမ်ပိန်းပြုလုပ်တာတွေ အသိပေးနှိုးဆော်ခြင်းတွေလုပ်ပေးတာ မနည်းတော့ဘူး ဒါကိုအခုအချိန်ထိ မလိုက်နာတဲ့ သူတွေကို လျှပ်တစ်ပြက်ဝင်ရောက်စစ်ဆေးပြီး ထိရောက်စွာအရေးယူဆောင်ရွက်နေတယ်- ဟု သန်လျင်မြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးရဲမြင့်က ပြောကြားသည်။
သန်လျင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ဈေးများအတွင်း ကိုဗစ်- ၁၉ ရောဂါကာကွယ်ရေးအတွက် ပါးစပ်နှာခေါင်းစည်း Mask မတပ်ဆင်သူများနှင့် စနစ်တကျမတပ်ဆင်ဘဲ ဈေးဝယ်ရန်် လာရောက်သူများအား စစ်ဆေးတွေ့ရှိပါက ဒဏ်ငွေ ၅၀၀၀ ကျပ်နှင့် ဈေးများအတွင်း ဈေးရောင်းချသူများအနေဖြင့် ပါးစပ်နှာခေါင်းစည်း မတပ်ဆင်သူများနှင့် စနစ်တကျတပ်ဆင်မှုမရှိခြင်း၊ ကျန်းမာရေးစည်းကမ်းချက်များအား လိုက်နာခြင်းမရှိသည့် ဈေးရောင်းချသူများအား ပထမအကြိမ် ဒဏ်ငွေ ၅၀၀၀ ကျပ်နှင့် ဒုတိယအကြိမ် မလိုက်နာပါက ဈေးရောင်းချခွင့် (၃) ရက်ပိတ်ရမည်ဖြစ်ပြီး တတိယအကြိမ် စည်ကမ်းမလိုက်ပါက (၇) ရက်နှင့် စတုတ္တအကြိမ် မလိုက်နာပါက ဈေးရောင်းချခွင့် (၁) လ ပိတ်သိမ်းသည်အထိ ထိရောက်စွာအရေးယူဆောင်ရွက်သွားမှာဖြစ်ကြောင်းနှင့် လက်ရှိဈေးများ အတွင်း သတ်မှတ်စည်းကမ်းချက်များအား မလိုက်နာသည့် ဆိုင်ခန်း (၉) ခန်းအား ဈေးရောင်းချခွင့် ၃ ရက်ပိတ်သိမ်းကာ အရေးယူထားရှိကြောင်း သိရသည်။
သက်ခိုင် (သန်လျင်)