ကျောက်တံတားမြို့နယ်တွင် Stay at Home ကာလအတွင်း မလိုအပ်ပဲ နယ်မြေကျော်လွန်သွားလာခြင်းရှိ/ မရှိ နှင့်နှာ​ခေါင်းစည်း(Mask)များတပ်ဆင်ခြင်းရှိ/မရှိစစ်ဆေးဆောင်ရွက်

ကျောက်တံတား အောက်တိုဘာ  

ကျောက်တံတားမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံနှံမှုကို ပိုမိုထိရောက်စွာ ကာကွယ်နိုင်ရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များ(ကိုကိုးကျွန်းမြို့နယ် မပါ)တွင် Stay at Home အဖြစ်ထုတ်ပြန် ထားသည့် ညွှန်ကြားချက်များကို ပြည် သူများသိရှိလိုက်နာစေရန် ရည်ရွယ်၍ ယနေ့နံနက်( ၀၉:၀၀)နာရီမှ (၁၁:၀၀)နာရီအချိန်ထိ ဆူးလေဘုရားလမ်းမပေါ်နှင့် မဟာဗန္ဓုလပန်းခြံရှေ့တို့တွင် လမ်းပေါ်သို့ဖြတ်သန်းသွားလာကြသည့်ကားများအားစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့စစ်ဆေးရာတွင် ြမို့နယ်အ​​ေွ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန နှင့်ဌာနဆိုင်ရာဝန်ထမ်းများ ၊မြို့နယ်ရဲတပ်ဖွဲဝင်များ ၊မြို့နယ်မီးသတ် တပ်ဖွဲဝင်များ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်း၍  Stay at Home ကာလအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ပျံနှံမှုကို ထိန်းချုပ်နိုင်စေရန်ကျောက်တံတားမြို့နယ်အတွင်း ဖြတ်သန်းသွားလာနေသောယာဉ်များ  မလိုအပ်ပဲ နယ်မြေကျော်သွားလာခြင်း မရှိစေရေး စစ်ဆေးမေးမြန်းပြီး မဖြစ်မနေနယ်မြေကျော် သွားရန်လိုအပ်ပါက ထောက်ခံချက်များ ပါရှိခြင်းရှိ/မရှိ စစ်ဆေးခြင်းများနှင့် အတူ နှာခေါင်းစည်း(Mask)များ တပ်ဆင်ခြင်းရှိ/မရှိပါစစ်ဆေးခဲ့ကြကြောင်း သိရှိရသည်။

ရွှေနန်းမေ