ခန္တီး အောက်တိုဘာ ၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့ စာကြည့် တိုက်အတွက် ခရိုင်ကျန်းမာရေးဦးစီးဌာနမှ သမားတော်စိုင်းကျော်သီဟက ယမန်နေ့ မွန်လွဲပိုင်းက ငွေကျပ် ၄၂၉၀၀/- တန်ဖိုးရှိ စာအုပ် (၁၁)အုပ်ကို ပေးအပ် လှူဒါန်းရာ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှူး ဦးအမ်းအင်းလမ်းက လက်ခံရယူခဲ့ကြောင်း သိရသည်။
အဆိုပါများမှာ ဆရာဝန်တစ်ဦး၏ တော်လှန်ရေးခရီး၊ ငါဘယ်သူလဲ၊ မဟာမြိုင် အုန်းပေါက်၊ ဆူဆိုင်ကော်ဖီဆိုင်၊ ပါရီညသန်းခေါင်ယံ၊ ကိုယ့်ကိုကိုယ် စီမံခန့်ခွဲမှုပညာ၊ စံထောက်မောင်ကျဘမ်း၊ ဂီတနှင့်ပန်းချီ၊ For Me For You For All ၊ ချစ်မိတဲ့ သူတွေအကြောင်းနှင့် လေ့လာစရာ ဝိပဿနာ စသည့် စာအုပ်များဖြစ်ပြီး စာကြည့် တိုက်ပြန်လည်ဖွင့်လှစ်သည့်အချိန်တွင် ငှာရမ်း ဖတ်ရှုခွင့်ရ မည်ဖြစ်ကြောင်း သိရသည်။
အမ်းအင်းလမ်း