တောင်ဥက္ကလာပ ဇွန် ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် အခြေခံပညာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပအသိပညာဗဟုသုတရရှိစေရန်၊ စာပေကိုပိုမိုဖတ်ရှုနိုင်စေရန်၊ စာပေနှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်နှင့် စာပေမှရရှိသည့် ဗဟုသုတများစွာရရှိနိုင်စေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲကို ယနေ့မွန်းလွဲ (၁) နာရီက အမှတ် (၁၃) အခြေခံပညာ မူလတန်းကျောင်းတွင် ပြုလုပ်ခဲ့သည်။
အဆိုပါဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်ဆွေနှင်းက စာဖတ်ရှိန်မြှင့်တင်ရေးအတွက် လူငယ်နှင့် စာပေ၊ စာဖတ်ခြင်း၏ အကျိုးကျေးဇူး၊ လူငယ်နှင့်အကျင့်စာရိတ္တ အကြောင်းအရာတို့ကို ဟောပြောခဲ့ကြောင်းသိရသည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများအား စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာအုပ်စာစောင်များဖတ်ရူ လေ့လာခြင်းနှင့် စာအုပ်စာစောင်များ ပြသထားရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုကြကြောင်း သိရသည်။
ခင်ဆွေနှင်း(ပြန်/ဆက်)