ကျောက်ကြီးမြို့နယ်တွင်ရွေးကောက်ပွဲဆိုင်ရာအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေ  

  ကျောက်ကြီး  အောက်တိုဘာ

ပဲခူးတိုင်းဒေသကြီးတောင်ငူခရိုင် ကျောက်ကြီးမြို့နယ် တွင်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဌနှင့်အဖွဲ့ ဝင်များသည်ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ထုတ်ဝေသည့်လက်ကမ်းစာစောင်များကို ယမန်နေ့နံနက်() နာရီအချိန်ကပြည်သူများထံသို့ဖြန့်ဝေပေးခဲ့သည်။

၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ()ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသက် (၁၈)နှစ်ပြည့်ပြီး သူတိုင်း ဆန္ဒမဲပေးနိုင်ရန်အတွက်ရပ်ကွက်ကျေးရွာရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများတွင်မဲဆန္ဒရှင် စာရင်းများကို (-၁၀-၂၀၂၀)ရက်နေ့ မှ (၁၄-၁၀-၂၀၂၀)ရက်နေ့ အထိကပ်ထားကြေညာပေးထားပြီးရပ်ကွက်ကျေးရွာ ကော်မ ရှင်အဖွဲ့ဝင်များမှသင့်အမည်ပါဝင်ပါသလား မဲဆန္ဒရှင်စာရင်းတွင်အမည်မပါဝင်ပါက ဆောင်ရွက်ရမည့် အချက်များ နှင့်မပါဝင်သင့်သည့်သူပါဝင်နေပါက ဆောင်ရွက်ရမည့်အချက်များပြုလုပ်ရန ်အတွက်လာရောက်ကြည့်ရှု ရန်နေ့စဉ်ကြေညာပေးလျက်ရှိသည်။

မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲမှဥက္ကဌနှင့်အဖွဲ့ဝင်များ၊ ပြန်/ဆက်ဝန်ထမ်းများမှရွေးကောက်ပွဲနှင့်ပတ် သက်သည့် လက်ကမ်းစာစောင်များ၊ အတူတကွမဲပေးကြစို့အသိပညာပေးစာစောင်များကိုရပ်ကွက်/ကျေးရွာများရှိ ပြည် သူများထံသို့ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

 K ခိုင် ပြန်/ဆက်